Latest News

Wednesday, January 4, 2017

နေပြည်တော်ပုသိမ်ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတိမ်းမှောက်

နေပြည်တော်ပုသိမ်ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတိမ်းမှောက်

 ဇန်န၀ါရီလ ၄ ရက် ရန်ကုန်

ဒီကနေ့မနက် ငါးနာရီခန့်က နေပြည်တော်ကနေ ပုသိမ် မြို့ ကို ပြေးဆွဲနေတဲ့မော်ကွန်းသစ်ခရီးသည်တင်ကားဟာ ညောင်တုန်းမြို့နယ် သဲအုပ်နီကျေးရွာအနီးမှာအရှိန်လွန်တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။ ကားက လူ၄၀ကျော်လောက်ပါ ပါတယ်။

အဲ့သည်ထဲမှာ လူတစ်ယောက်သေပါတယ်။ ကျန်တဲ့သူတွေကတော့ အနည်းငယ်ဆီ ထိခိုက်ဒဏ်ရာရသွားပါတယ်”လို့ ညောင်တုန်းမြို့နယ် ချောင်းကြီးရဲစခန်း ဒုရဲအုပ် ဦးနေထက်အောင်ကပြောပါတယ်။

မော်ကွန်းသစ် ကားကိုမောင်းလာတဲ့ ဦးနေလင်းထွဋ်ကို ပုဒ်မ ၃၃၇ /၃၃၈ လူကိုအန္တရာယ်ဖြစ်အောင်ပေါ့ဆစွာပြုလုပ်မှုကြောင့် ထိခိုက် နာကျင်စေမှု ၊ပုဒ်မ ၃၀၄ လူသေမှု နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိ ရှိရပါသည်။

ထိခိုက်ဒဏ်ရာရှိသွားတဲ့ ခရီးသည်တွေကို ညောင်တုန်းပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူဖို့ ပို့ ဆောင်ထားတယ်လို့သိရပါတယ်။

Sources; နှင်းနှင်း / ကုမုဒြာ

No comments:

Post a Comment