Latest News

Monday, January 9, 2017

မထသပိုင်ဆိုင်မှု စစ်တမ်းကောက်ပြီ

မထသပိုင်ဆိုင်မှု စစ်တမ်းကောက်ပြီ

မ.ထ.သရဲ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကဖွဲ့စည်း
ထားတဲ့အဖွဲ့က စစ်တမ်းကောက်နေပြီလို့ မ.ထ.သ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဌာနမှူးဦးမောင်မောင်လွင်
ကပြောပါတယ်။

မ.ထ.သ အနေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတိုင်းအစိုးရ
ကို တင်ပြပြီးဖြစ်တယ်လို့ -ဦးမောင်မောင်လွင်က
အခုလိုပြောပါတယ်။

မ.ထ.သ ကပိုင်ဆိုင်တဲ့ မြေနေရာ၂၇ခုရှိပြီးယာဉ်ရပ်နား
ဝင်းတွေနဲ့ အဆောက်အဦးတွေပါဝင်တယ်လို့သိရ
ပါတယ်။

အဲဒီ့ပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကစစ်တမ်းကောက်ပြီး ရင် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်မယ်လို့လည်း ဦးမောင်မောင်လွင်ကပြောပါတယ်။

ငွေစာရင်းကတော့ အားလုံးပေါင်းရင်သိန်းပေါင်းမနည်းဘူး
လို့သာပြောကြားခဲ့ပြီး အတိအကျမသိရှိရပါဘူး။

လာမယ့်ဇန်နဝါရီ၁၅ရက်နေ့ညပိုင်းကစလို့ မ.ထ.သကို
အပြီးသတ်ဖျက်သိမ်းပြီး အများပိုင်းယာဉ်လိုင်းတွေ
နဲ့စတင်တော့မှာပါ။

Source: 7 Day

No comments:

Post a Comment