Latest News

Wednesday, January 11, 2017

ကုလအထူးကိုယ်စားလှယ် မောင်တောဒေသနှင့် ရခိုင်ရှိ အကျဉ်းထောင်အချို့သို့သွားမည်

ကုလအထူးကိုယ်စားလှယ် မောင်တောဒေသနှင့် ရခိုင်ရှိ အကျဉ်းထောင်အချို့သို့သွားမည်

ကုလလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ၏ ရခိုင်ပြည်နယ်ခရီး စဉ်အတွင်း အကျဉ်းထောင်များ နှင့် မောင်တောဒေသရှိ အကြမ်း ဖက်တိုက်ခိုက်မှုများဖြစ်ပွားသည့် နေရာများသို့ သွားရောက်ရန်စီစဉ် ထားကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေးအထူးကိုယ် စားလှယ် မစ္စရန်ဟီးလီသည် ဇန် နဝါရီ ၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဇန်နဝါရီ ၉ ရက်တွင် မြစ်ကြီးနားမြို့သို့သွား ရောက်ပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့်တွေ့ဆုံကာ စစ်ဘေးဒုက္ခ သည်စခန်းနှစ်ခုသို့လည်း သွား ရောက်လေ့လာခဲ့သည်။

ထို့အပြင် မစ္စရန်ဟီးလီသည် ဇန်နဝါရီ ၁၁ ရက်က မွန်ပြည်နယ် ဇင်းကျိုက်အကျဉ်းဦးစီးဌာနအ လုပ်စခန်းသို့ သွားရောက်လေ့လာ ခဲ့သည်။ မစ္စရန်ဟီးလီသည် အကျဉ်းဦးစီးဌာနအလုပ်စခန်း (ရဲ ဘက်စခန်း)သို့ ပထမဆုံး သွား ရောက်သည့် ကုလအထူးကိုယ် စားလှယ်လည်းဖြစ်သည်။

ကုလအထူးကိုယ်စားလှယ် ၏ရခိုင်ခရီးစဉ်နှင့် ပတ်သက်၍ ‘‘၁၃ ရက်နေ့ရောက်မယ်။ မောင် တောဘက် သွားမယ်သိရတယ်’’ ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့အ တွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ရခိုင်ခရီးစဉ်အတွင်း စစ်တွေ နှင့်ဘူးသီးတောင်အကျဉ်းထောင် များ၊ မောင်တောဒေသရှိ အကြမ်း ဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာများသို့ သွားရောက်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ကုလအထူးကိုယ်စားလှယ် ၏ ၁၂ ရက်တာကြာမြင့်မည့် မြန်

မာနိုင်ငံခရီးစဉ်အတွင်း နေပြည် တော်သို့ သွားရောက်ရန် စီစဉ်ထားပြီး အစိုးရ၊ လွှတ်တော်တာဝန်ရှိ သူများနှင့်တွေ့ဆုံမည် ဖြစ်သည်။

မစ္စရန်ဟီးလီသည် မြန်မာ နိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ ရှိချက်များကို ကုလလူ့အခွင့်အ ရေးကောင်စီသို့ တင်ပြမည်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အ ရေး ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် ယခင်မြန်မာနိုင်ငံသို့ လေးကြိမ်လာရောက် ဖူးပြီး ယခုခရီးစဉ်သည် ငါးကြိမ် မြောက်ဖြစ်သည်။


Sources; 7Day News Journal

No comments:

Post a Comment