Latest News

Tuesday, December 27, 2016

YouTube မှာ အများဆုံးကြည့်ရှုခံရတဲ့ ကေပေါ့ပ်အနုပညာရှင်အဖြစ် PSY လေးကြိမ်မြောက်ရပ်တည်

YouTube မှာ အများဆုံးကြည့်ရှုခံရတဲ့ ကေပေါ့ပ်အနုပညာရှင်အဖြစ် PSY လေးကြိမ်မြောက်ရပ်တည်

၂၀၁၂ ခုနှစ်တည်းက ဒီနေရာမှာ ရပ်တည်နေခဲ့တာပါ။

၂၀၁၆ ခုနှစ်အတွင်း အများဆုံးကြည့်ရှုခံရတဲ့ ဗီဒီယိုစာရင်းကို YouTube က ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီစာရင်းထဲက ကေပေါ့ပ်အနုပညာနယ်ပယ်ထဲမှာတော့ PSY က ဦးဆောင်နေပါတယ်။

Gangnam Style ၊ Gentleman တို့လို တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတွေရဲ့ အဆိုရှင် PSY က ယခုနှစ်အတွင်း YouTube မှာ အများဆုံးကြည့်ရှုခံရတဲ့ ကေပေါ့ပ်အနုပညာရှင်ဖြစ်လာပါတယ်။ ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ စတုတ္ထမြောက်အကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ် နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ဒီနေရာကို ရောက်ခဲ့တာမို့ ယခုနဲ့ဆိုရင် လေးကြိမ်မြောက် ဖြစ်လာခဲ့ပါတယ်။

Source : Koreaboo : duwun

No comments:

Post a Comment