Latest News

Thursday, December 29, 2016

ဆူးလေရှန်ဂရီလာရဲ့ Summer Palace မှာ နှစ်သစ်အတွက် တရုတ်အစားအစာ မီနူးအသစ်ကိုမိတ်ဆက်

ဆူးလေရှန်ဂရီလာရဲ့ Summer Palace မှာ နှစ်သစ်အတွက် တရုတ်အစားအစာ မီနူးအသစ်ကိုမိတ်ဆက်

ဒီတရုတ်အစားအစာမီနူးအသစ်ကို Summer Palace Chinese Restaurent ရဲ့ တရုတ်အစားအစာစားဖိုမှူးကြီး Chef Peng က အထူးပြင်ဆင်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကစတင်ပြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။
     

ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် ရဲ့ Summer Palace Chinese Restaurent မှာ ၂၀၁၇ ခုနှစ်၊နှစ်သစ် အတွက် တရုတ်အစားအစာမီနူးအသစ် မိတ်ဆက်ပွဲတစ်ပွဲကို ဒီဇင်ဘာလ၊ ၂၇ ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။

မီဒီယာတွေနဲ့ အခြားဖိတ်ကြားထားတဲ့အထူးဧည့်သည်တော်တွေတက်ရောက်ခဲ့တဲ့ အဆိုပါမိတ်ဆက်ပွဲမှာ နှစ်သစ်အတွက် အထူးဆန်းသစ်ဖန်တီးထားတဲ့ တရုတ်အစားအစာမီနူးအသစ်ထဲက ဟင်းပွဲတွေကို အမြည်းအနေနဲ့ ကျွေးမွေးဧည့်ခံသွားခဲ့ပါတယ်။

ဒီတရုတ်အစားအစာမီနူးအသစ်ကို Summer Palace Chinese Restaurent ရဲ့ တရုတ်အစားအစာစားဖိုမှူးကြီး Chef Peng က အထူးပြင်ဆင်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကစတင်ပြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီမီနူးအသစ်မှာဆိုရင် Fried Fish with Wasabi Mayonnaise ၊ Worked Fired Sea Scallop with Black Bean Sauce and Salted egg ၊ Chrispy Chicken with Bean Sprout and Pork Ribs with Peach and BBQ Sauce တို့လိုအထူးဟင်းပွဲတွေနဲ့ အတွဲအစပ်တွေပါဝင်မှာပဲ ဖြစ်ပါတယ်။

Summer Palace ကိုနေ့စဉ်ဖွင့်လှစ်ပြီး နေ့လယ်စာအတွက် မနက် ၁၁ နာရီ မှ နေ့လယ် ၂ နာရီခွဲ၊ ညစာအတွက် ညနေ ၅ နာရီခွဲမှ ၁၀ နာရီအထိဖွင့်လှစ်လျက်ရှိပါတယ်။ စားပွဲကြိုတင်မှာယူဖို့နဲ့ အခြားအသေးစိတ်အချက်အလက်တွေအတွက်ကိုတော့ ဖုန်း - ၀၁-၂၄၂၈၂၈ ၊လိုင်းခွဲ- ၆၄၂၈ / ၆၄၂၉ တို့ကိုဆက်သွယ်နိုင်သလို restaurantreservations.ssyn@shangri-la.com ကိုလည်း Email ကနေတဆင့် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
     
Sources; duwun

No comments:

Post a Comment