Latest News

Thursday, December 22, 2016

အသက်(၅၀)ပြည့် ဖျော်ဖြေပွဲလုပ်မယ့် ကော်နီ ၂၀၁၇ခုနှစ်ထဲမှာ လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုတော် ကော်နီကတော့ လာမယ့် ၂၀၁၇ ခုနှစ်ထဲမှာ အသက်(၅၀)ပြည့် အမှတ်တရ ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲများအနေနဲ့ ဂီတသက်တမ်း(၂၀)ပြည့်နှစ်မှာတစ်ခါ၊ ဂီတသက်တမ်း(၃၀)ပြည့်နှစ်မှာ တစ်ခါ ကျင်းပခဲ့ဖူးတဲ့ သူမက နှစ်(၅၀)ပြည့်ကိုတော့ လုပ်ဖို့ စီစဉ်နေတုန်းလို့ ဆိုပါတယ်။ ဖျော်ဖြေပွဲတွေမှာ ဆက်တိုက်ပါဝင်ဖျော်ဖြေခဲ့တဲ့ ကော်နီက သူမရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၇ခုနှစ် သင်္ကြန်အပြီး လောက်မှာ ထွက်နိုင်ဖို့ ရှိတယ်လို့ သူမက ဆိုပါတယ်။ သီချင်းခွေထွက်ဖို့ကိုလည်း လွန်ခဲ့တဲ့ ငါးနှစ် လောက်ကတည်းက ကြိုးစားခဲ့ပေမဲ့ အချိန်မအားတာနဲ့ သေချာမလုပ်ဖြစ်သေးတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ (၂၁)ရက်နေ့ ဒီနေ့ဟာလည်း အဆိုတော်ကော်နီရဲ့ မွေးနေ့ဖြစ်တာကြောင့် ပုဂံ၊ ပုပ္ပား၊ ဘုရားဖူး ခရီးစဉ်နဲ့ ဘုရားဖူးသွားနေတယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့အလှူအတွက်ကိုလည်း ဒီဇင်ဘာ(၂၀)ရက်နေ့က မြောက်ဦးဆရာတော်ကြီး ဖောင်ဒေးရှင်းအတွက် သွားရောက်လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား ပါတယ်။ Source : Popular News Photo : ကော်နီ ဖေ့စ်ဘွတ်

အသက်(၅၀)ပြည့် ဖျော်ဖြေပွဲလုပ်မယ့်
ကော်နီ

၂၀၁၇ခုနှစ်ထဲမှာ လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

 
အဆိုတော် ကော်နီကတော့ လာမယ့် ၂၀၁၇ ခုနှစ်ထဲမှာ အသက်(၅၀)ပြည့် အမှတ်တရ ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲများအနေနဲ့ ဂီတသက်တမ်း(၂၀)ပြည့်နှစ်မှာတစ်ခါ၊ ဂီတသက်တမ်း(၃၀)ပြည့်နှစ်မှာ တစ်ခါ ကျင်းပခဲ့ဖူးတဲ့ သူမက နှစ်(၅၀)ပြည့်ကိုတော့ လုပ်ဖို့ စီစဉ်နေတုန်းလို့ ဆိုပါတယ်။

ဖျော်ဖြေပွဲတွေမှာ ဆက်တိုက်ပါဝင်ဖျော်ဖြေခဲ့တဲ့ ကော်နီက သူမရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၇ခုနှစ် သင်္ကြန်အပြီး လောက်မှာ ထွက်နိုင်ဖို့ ရှိတယ်လို့ သူမက ဆိုပါတယ်။ သီချင်းခွေထွက်ဖို့ကိုလည်း လွန်ခဲ့တဲ့ ငါးနှစ် လောက်ကတည်းက ကြိုးစားခဲ့ပေမဲ့ အချိန်မအားတာနဲ့ သေချာမလုပ်ဖြစ်သေးတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ (၂၁)ရက်နေ့ ဒီနေ့ဟာလည်း အဆိုတော်ကော်နီရဲ့ မွေးနေ့ဖြစ်တာကြောင့် ပုဂံ၊ ပုပ္ပား၊ ဘုရားဖူး ခရီးစဉ်နဲ့ ဘုရားဖူးသွားနေတယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့အလှူအတွက်ကိုလည်း ဒီဇင်ဘာ(၂၀)ရက်နေ့က မြောက်ဦးဆရာတော်ကြီး ဖောင်ဒေးရှင်းအတွက် သွားရောက်လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား ပါတယ်။

Source : Popular News

Photo  : ကော်နီ ဖေ့စ်ဘွတ်

No comments:

Post a Comment