Latest News

Tuesday, December 6, 2016

ကချင်ပြည်နယ်အတွင်းရှိတပ်မတော်စစ်ကြောင်းများအား KIA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်

ကချင်ပြည်နယ်အတွင်းရှိတပ်မတော်စစ်ကြောင်းများအား KIA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်

နေပြည်တော်၊ ဒီဇင်ဘာ - ၆

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ မိမိတပ်မတော်စစ်ကြောင်းအခြေပြုနေရာများသို့ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီနှင့် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူများ ခြေကုတ်ယူထားသည့် ပွိုင့် ၁၁၀၃ စခန်းကုန်းမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါဗုံးသီးများအနက် ပေါက်ကွဲမှုမရှိသည့် ဗုံးသီးများအား တပ်မတော် စစ်ကြောင်းမှ ကျွမ်းကျင်သူများက စစ်ဆေးရာ တစ်ဖက်နိုင်ငံထုတ် ရှော့တိုက်ပစ်ခတ် ရသည့် ၁၀၇ မမဒုံးသီးများဖြစ်နိုင်ကြောင်းသတင်းရရှိသည်။
Ref ; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment