Latest News

Thursday, December 22, 2016

Facebook အသုံးပြုချိန်များပါက စိတ် မချမ်းမသာဖြစ်ရပြီး မနာလိုစိတ်တွေ တိုးပွားလာနိုင်ကြောင်း သုတေသန တစ်ရပ် တွေ့ရှိ

Facebook အသုံးပြုချိန်များပါက စိတ် မချမ်းမသာဖြစ်ရပြီး မနာလိုစိတ်တွေ တိုးပွားလာနိုင်ကြောင်း သုတေသန တစ်ရပ် တွေ့ရှိ


Facebook အသုံးပြုချိန်များတဲ့သူတွေဟာ လူတွေနဲ့ ပိုမို ချိတ်ဆက်မိပြီး ရင်းနှီးနွေးထွေး လာဖို့ထက် စိတ် မသက်မသာဖြစ်ရပြီး မနာလိုစိတ်တွေသာ ပိုမို များပြားလာနိုင်ကြောင်း သုတေသန တစ်ရပ်အရ တွေ့ရှိခဲ့ရပါတယ်။

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် တက္ကသိုလ်က ပညာရှင်တွေရဲ့ လေ့လာမှု သုတေသန တစ်ရပ်အရ အဲဒီလို တွေ့ရှိခဲ့တာပါ။

ယခု ကျရောက်တော့မယ့် ခရစ္စမတ် ကာလလို ပွဲတော် ရာသီတွေမှာဆိုရင် Facebook အသုံးပြုချိန်များတဲ့သူတွေဟာ ပွဲတော်ကာလ ဆိုတဲ့ခံစားချက်မျိုး ရဖို့တဲ့ ပြီးပြည့်စုံနေတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ သူများ မိသားစုတွေ၊ သူငယ်ချင်းတွေကို ကြည့်ပြီး မနာလိုစိတ်နဲ့ စိတ်မချမ်းသာရမှုတွေသာ များလာလိမ့်မယ်လို့ ယင်းသုတေသနက ဆိုပါတယ်။

အမျိုးသမီး အများစု ပါဝင်တဲ့ လူပေါင်း ၁၃၀၀ ခန့်ကို စစ်တမ်းကောက်၊ သုတေသနပြုခဲ့ရာမှာ Facebook လို လူမှုကွန်ယက်တွေကို အချိန်ကြာကြာ သုံးစွဲတဲ့အခါ စိတ်ခံစားမှုအရ မကောင်းတဲ့ ခံစားမှုတွေသာ ပိုမိုဖြစ်ပေါ်လာလေ့ရှိပြီး ဘဝနဲ့ ပတ်သက်လို့လည်း မကျေနပ်တဲ့စိတ်တွေသာ တိုးပွားလာလေ့ရှိတယ်လို့ သုတေသနမှာ ပါဝင်ခဲ့သူ အများစုက ဖြေဆိုခဲ့ကြပါတယ်။

ဒါကြောင့် Facebook အပါအဝင် လူမှုကွန်ယက်တွေကို အချိန်ကြာကြာ အဆက်မပြတ် သုံးစွဲမယ့်အစား တစ်ခါတစ်ရံမှသာ အသုံးပြုတာမျိုး လုပ်သင့်တယ်လို့ ယင်းသုတေသနကို ထုတ်ပြန်တဲ့ ပညာရှင်တွေက သတိပေးထားပါတယ်။

Sources : BBC & The Voice

No comments:

Post a Comment