Latest News

Thursday, December 15, 2016

သမီးလေး မွေးခဲ့တဲ့ သက်မွန်မြင့်

သမီးလေး မွေးခဲ့တဲ့ သက်မွန်မြင့်

သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
   
သရုပ်ဆောင် သက်မွန်မြင့်က ဒုတိယရင်သွေးလေးအဖြစ် သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ (၆)ပေါင်နဲ့ (၁၀)အောင်စ ရှိတဲ့ သမီးလေးကို ဒီဇင်ဘာ (၁၄)ရက်နေ့ ည (၉း၄၉)မိနစ်က  မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သက်မွန်မြင့်ရော သမီးလေးပါ ကျန်းကျန်းမာမာနဲ့ ရှိနေတယ်လို့ သိရပါတယ်။

သက်မွန်မြင့်ဟာ ဒုတိယရင်သွေးလေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာ မွေးဖွားဖို့ ခန့်မှန်းထားပေမယ့် ပုံမှန်ထက်စောပြီး ဒီဇင်ဘာ လလယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သက်မွန်မြင့်ဟာ ယခုဆိုရင် သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

No comments:

Post a Comment