လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Psychology of Leadership Course ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်း နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
နေပြည်တော် ဒီဇင်ဘာ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည့် ဗြိတိန်နိုင်ငံ၊ ဆင်းဟက်စ် တက္ကသိုလ်မှကြီးမှူးဖွင့်လှစ်သည့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်း (Psychology of Leadership Course ) မှ သင်တန်းနည်းပြများနှင့် သင်တန်းသားများ၏ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ညစာစားပွဲအခမ်း အနားကျင်းပသည့် Kempinski ဟိုတယ်သို့ ရောက်ရှိလာပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတစ်ဦးချင်း လိုက်လံနှုတ် ဆက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သင်တန်းနည်းပြများ နှင့် သင်တန်းသားများအား အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် သင်တန်း နည်းပြများ၊ သင်တန်းသားများနှင့် အတူ ညစာသုံးဆောင်ပြီး သင်တန်း၏ အကျိုးထိရောက် မှု၊ လိုအပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ၁၂ရက်မှ ၁၅ရက်နေ့အထိ ဖွင့်လှစ်ခဲ့ ပြီး ဗြိတိန်နိုင်ငံ၊ ဆင်းဟက်စ်တက္ကသိုလ်မှ နည်းပြများက ကြီးမှူးဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသို့ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ စုစုပေါင်း ၁၆ ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။
MOI
Thursday, December 15, 2016
လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Psychology of Leadership Course ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်း နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Psychology of Leadership Course ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်း နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
Reviewed by Ar Ti
on
7:31 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment