Latest News

Monday, December 19, 2016

ရခိုင်ပြည်နယ်အရေး အချက်နှစ်ချက် အဓိကထား သဘောတူညီခဲ့

ရခိုင်ပြည်နယ်အရေး အချက်နှစ်ချက် အဓိကထား သဘောတူညီခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ – မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အာဆီယံနိုင်ငံရေးဝန်ကြီးများနဲ့ အလွတ်သဘော တွေ့ဆုံပွဲ မှာ ရခိုင်အရေးနဲ့ပတ်သတ်လို့ အချက်နှစ်ချက်ကိုအဓိက ထားဆွေးနွေးသဘောတူညီခဲ့တယ်လို့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကိုပြောပါတယ်။

ပထမအချက်ကတော့ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်ရဲ့တိုးတတ်မှုအခြေအနေတွေနဲ့ ပတ်သတ်ပြီး အာဆီယံ နိုင်ငံတွေကို ပုံမှန် သတင်းအချက်အလက် တွေပေးသွားမယ်လို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။

ဒုတိယအချက်ကတော့အာဆီယံနိုင်ငံတွေအနေနဲ့ ရခိုင်ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်အကူအညီတွေကိုပေးသွားမယ်ဆိုတဲ့အချက်ကို လည်းမြန်မာနိုင်ငံဘက်ကသဘောတူညီခဲ့တယ်လို့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။

အခုအစည်းအဝေးဟာအလွတ်သဘောလို့ပြောဆိုထားပေမယ့် အာဆီယံနိုင်ငံချင်းချင်း ပွင့်လင်းစွာနဲ့ငြိမ်း ချမ်းရေး ကိုအခြေပြုပြီး ဆွေးနွေးခဲ့ကြတယ်။ မြန်မာအစိုးရဟာ ရခိုင်ဒေသမှာရှိတဲ့ အခြေအနေတွေကိုပွင့်ပွင့်လင်းလင်း ချပြပြောဆိုတာကြောင့် ကျန်အာဆီယံနိုင်ငံတွေက အလွန်ပဲ အသိမှတ်ပြုကျေးဇူးတင်မိတယ်လို့ထုတ်ပြန်ထားပါတယ်။

ကျန်အာဆီယံနိုင်ငံအားလုံးဟာ ရခိုင်ဒေသမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့  မြန်မာနိုင်ငံကိုတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မိသားစုတစ်စုလိုပါပဲ ကျွန်တော်တို့အတူတူထိုင်ပြီးမြန်မာနိုင်ငံမှာ ဘာတွေအမှန်တကယ် ဖြစ်နေတယ်ဆိုတာကိုနားထောင်ကြတယ်။ ပြီးတော့ ရခိုင်ဒေသမှာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြန်လည် တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ဘက်က ကူညီဖို့အဆင်သင့်ပဲဆိုတာကို ပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudiကပြောပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း သူ့ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ဒေသမှာရှိတဲ့ တိုးတတ်မှုအခြေအနေကိုရှင်းလင်းပြောပြခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက ရခိုင်ဒေသကအခြေအနေဟာ ကာလကြာရှည်စွာ ရှုပ်ထွေးခဲ့တာကြောင့် တစ်ဦးနဲ့ တစ်ဦးယုံကြည်ဖို့အတွက် အချိန်ယူရမှာဖြစ်ကြောင်း ပွင့်လင်းမြင်သာစွာနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင်စင်္ကာပူနိုင်ငံဟာ ရခိုင်ဒေသမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ကိုလည်း သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

အခု အစည်းအဝေးဟာ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်အပေါ် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအရေးနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေခံနေရချိန်မှာကျင်းပခဲ့တာဖြစ်ပါတယ်။မကြာခင်ကလည်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတကာ မီဒီယာအချို့မှာ ရေးသားထားတဲ့ သတင်းအချက်အချို့နဲ့ပတ်သတ်ပြီး တွေ့ရှိရတဲ့မှားယွင်းနေတဲ့ အချက်တွေကို တရားဝင်ထုတ်ပြန်ထားပါတယ်။

Sources ; Kumudra နန်းလွင် - မို့မို့သန္တာ

No comments:

Post a Comment