Latest News

Tuesday, December 20, 2016

ရခိုင်ပြည်နယ် ဒေသခံနှစ်ဖက်အသိုက်အဝန်းများမှ ပုံမှန်အခြေအနေ ပြန်ရောက်လိုဟု ပြော

ရခိုင်ပြည်နယ် ဒေသခံနှစ်ဖက်အသိုက်အဝန်းများမှ ပုံမှန်အခြေအနေ ပြန်ရောက်လိုဟုြေေပြော

မောင်းတော၊ ဒီဇင်ဘာ ၂၀


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတောဒေသများရှိ ရခိုင် ဘင်္ဂါလီ နှစ်ဖက်အသိုင်းအဝိုင်းများအနေဖြင့် ပုံမှန်အခြေအနေရောက်ရှိရန် ဆန္ဒရှိနေပြီး တိုက်ခိုက်မှုအခြေအနေများကို မလိုလားဟု ယင်းဒေသခံများက ယနေ့မီဒီယာအဖွဲ့များ ရောက်ရှိလာစဉ်ပြောသည်။

အောက်တိုဘာ ၉ ရက်တိုက်ခိုက်မှုနောက်ပိုင်း စိုးရိမ်ကြောက်လန့်မှုများ နှစ်ဖက်အသိုက်အဝန်းကြားတွင် ဖြစ်ပေါ်နေပြီး  စီးပွားရေး လုပ်ကိုင်ရမှု ခက်ခဲလာသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် ဒေသတစ်ခုမှ တစ်ခုသို့ သွားလာရမှု ခက်ခဲနေပြီး ဒေသအခြေအနေများကို VOA ၊ မြန်မာ့အသံ ရေဒီယိုများမှတဆင့် ကြားသိရသည်ဟု ဆိုသည်။

ဘူးသီးတောင်၊ မောင်းတော ဒေသများတွင် အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ပြီး ရခိုင်လူမျိုးများလည်း နေထိုင်လျက်ရှိသည်။ အသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှုနည်းပါးလျက်ရှိပြီး ပုံမှန်အနေအထားပြန်ရောက်ချင်ကြောင်း နှစ်ဖက်အသိုက်အဝန်းများက ဆိုသည်။

အထူးသဖြင့် ယင်းဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေပြီး တိုက်ခိုက်မှုများကြောင့် ဒေသခံများကို ထိခိုက်စေသည်ဟု ၎င်းတို့က ဆိုသည်။ လက်ရှိ မြို့ပေါ်ရှိဆေးရုံများတွင် လူမျိုးဘာသာခွဲခြားမှုမရှိ ကုသပေးနေခြင်းကို မီဒီယာအဖွဲ့မှ တွေ့မြင်ခဲ့ရသည်။

သံသယစကားဖြင့် စိုးရိမ်ကြောက်လန့်မှုများရှိသော်လည်း အေးချမ်းမှုရှိစေချင်တယ်ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် ပြည်တွင်းမီဒီယာများ၊ ပြည်ပမီဒီယာများ အပါအဝင် ၁၃ ဦး သွားရောက်ခဲ့ပြီ ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်တွေရောက်ရှိခဲ့သည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် ဘူးသီးတောင်သို့ သွားရောက်ခဲ့ပြီး ဆေးရုံ၊ ဈေးနှင့် ၁၀ မိုင်ခန့်အကွာရှိ ဘင်္ဂါလီ ကျေးရွာ ၃ ရွာ၊ ရခိုင်ရွာ ၁ ရွာသို့ သွားရောက်ခဲ့သည်။ မောင်းတောသို့ ဆက်လက်သွားရောက်ခဲ့ပြီး ခရီးစဉ်တွင် တွေ့ဆုံမေးမြန်းရာ၌ ဘာသာရေးဆရာ၊ စီးပွားရေးသမား အစ္စလာမ်ဘာသာဝင်များ ပါဝင်သည်။

အဆိုပါဒေသများတွင် လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားလျက်ရှိသည်။

Sources : Mizzima

No comments:

Post a Comment