Latest News

Wednesday, December 14, 2016

အမြန်လမ်းတွင် နံနက်ပိုင်း၌ ယာဉ် ၂ စီး မတော်တဆမှုဖြစ်ပွား

အမြန်လမ်းတွင် နံနက်ပိုင်း၌ ယာဉ် ၂ စီး မတော်တဆမှုဖြစ်ပွား


နေပြည်တော် ဒီဇင်ဘာ ၁၄

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၀၄/၅ နှင့် ၃၀၄/ ၆ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းစိုး မျိုးဝင်း မောင်းနှင် လာသော SUZUKI SWIFT မော်တော်ယာဉ်မှာ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ က ရှေ့ဝဲဘက် ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းယာ ဘက် မြောင်းအတွင်း တိမ်းမှောက်ခဲ့သည်။
ဖြစ် စဉ်ကြောင့် SUZUKI SWIFT ယာဉ်မောင်း စိုင်းစိုးမျိုးဝင်းမှာ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

အလားတူ နံနက် ၇ နာရီခွဲတွင် အမြန်လမ်းမိုင်တိုင်အမှတ် ၃၂၉/၀ နှင့် ၃၂၉/၁ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းကျော်မင်း လင်း မောင်းနှင် လာသော  HILUX ယာဉ်မှာ ၀ဲဘက်ရှေ့ ဘီးပေါက်ပြီး အရှိန် မထိမ်းနိုင်ဘဲ လမ်းလယ် ကပ်တုံးတိုက်ပြီး တစ်ပတ် လိမ့်တိမ်းမှောက် ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ၃ ဦးအနက် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာ (မစိုးရိမ်ရ) ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများ အား ပြင်စည် အမြန်လမ်းရဲတပ်ဖွဲ့ပိုင် ကားဖြင့် နွားထိုးကြီး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရပြီး ယာဉ် မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းများအား အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရ သည်။ သန်းဦး (လေးမျက်နှာ)MOI

No comments:

Post a Comment