Latest News

Sunday, December 25, 2016

မင်္ဂလာပွဲကအပြန် လူ ၄၀ တင်လာတဲ့ စက်လှေတိမ်းမှောက်ပြီး ကလေးနှစ်ဦး ပျောက်ဆုံးနေ


မင်္ဂလာပွဲကအပြန် လူ ၄၀ တင်လာတဲ့ စက်လှေတိမ်းမှောက်ပြီး ကလေးနှစ်ဦး ပျောက်ဆုံးနေ

ဖြစ်တဲ့နေရာက မြိတ်မြို့နဲ့ ၁၄ မိုင်ဝေးတယ်လို့ သိရပါတယ်။
 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ  မင်္ဂလာပွဲက ပြန်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ရာက  ကလေးငယ်နှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လူ ၄၀ တင်ဆောင်လာတဲ့ အဆိုပါစက်လှေဟာ  ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီမှာ ပိန္နဲတောင်ကျေးရွာအုပ်စုအပိုင် ဗဟတ်ချောင်းအကွေ့မှာ  အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးမလေးနှစ်ယောက်ဟာ အသက် (၁၂)နှစ်အရွယ်နဲ့ (၁၀)နှစ်အရွယ်ဖြစ်ပြီး ဖြစ်တဲ့နေရာက မြိတ်မြို့နဲ့ ၁၄ မိုင်ဝေးတယ်လို့ သိရပါတယ်။

 ကလေးနှစ်ယောက် သေလား၊ ရှင်လားဆိုတာ စုံစမ်းနေတုန်းဖြစ်ပြီး လောလောဆယ် ပျောက်သွားတဲ့ ကလေးတွေ ရှာဖွေရေးကိုပဲ ဦးစားပေးလုပ်နေတယ်လို့  မြိတ်မြို့မ ရဲစခန်းမှ ရဲအုပ်တင်ထွဋ်က ပြောထားပါတယ်။

Photos & Source: 7Day Daily, MOI,duwun
 

No comments:

Post a Comment