Latest News

Monday, December 26, 2016

မောင်တောဒေသမှ ဘင်္ဂါလီများ အိန္ဒိယနိုင်ငံထဲသို့ ခိုးဝင်မှုများ ရှိနေဟု ဆို

မောင်တောဒေသမှ ဘင်္ဂါလီများ အိန္ဒိယနိုင်ငံထဲသို့ ခိုးဝင်မှုများ ရှိနေဟု ဆို


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ကိစ္စများပြီးနောက် ဘင်္ဂါလီမွတ်ဆလင်များသည် အိန္ဒိယနိုင်ငံသို့ အများအပြား ရောက်ရှိလာကြောင်း
ဆိုသည်။ ခန့်မှန်းခြေအားဖြင့် ၄၀,၀၀၀ ခန့်သည် အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၇ ခုတွင် သွားရောက်နေထိုင်ခြင်းများ ရှိသော်လည်း ထို့ထက်ပိုများနိုင်ကြောင်း
ဒုက္ခသည် စောင့်ကြည်လေ့လာသူများက ဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့ ကစပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းများ ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦးအား လက်နက်ကိုင်
ဘင်္ဂါလီများက တိုက်ခိုက် သတ်ဖြတ်ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ြပီးနောက် ဘင်္ဂါလီ ၆၀၀ ခန့်သည့် ထိန်းသိမ်းခံရခြင်းများ ရှိခဲ့သည်။

လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များပြားလှသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသော်လည်း ဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင့်တပ်က ပြန်မောင်းထုတ်ခြင်းများ ရှိသည်။ အိန္ဒိယနိုင်ငံ ကမ်းခြေများသို့ အများအပြား တရားမ၀င် ရောက်လာခြင်းများရှိပြီး အချို့မှာ ကုန်လမ်းကြမ်းခရီးမှ ၀င်ရောက်လာခြင်းများ ရှိသည်။

အနောက်ဘဂေါတစ်လျှောက်ရှိ ဘာရဆပ်၊ ဆဲဒရှ် နှင့်အခြားဒေသများတွင် ဘင်္ဂါလီ ၁၀၀၀ ထိန်းသိမ်းခံရခြင်းများ ရှိခဲ့သည်။ ပြည်နယ်အစိုးရက အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး မြန်မာသံအမတ်နှင့် ဆက်သွယ် ဆွေးနွေးထားပြီး အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးရန် ဆိုထားသော်လည်း တုန့်ပြန့်မှုမရှိကြောင်း ဆိုသည်။

ဘင်္ဂါလီအရေးကိစ္စ မြန်မာနိုင်ငံ ကိုင်တွယ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့က အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့်
မြန်မာနိုင်ငံအား ဖိအားပေးခြင်းများ ရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် မကြာသေးခင်က အာဆီယံနိုင်ငံများနှင့် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ခြင်းများ ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း အနီးရှိ ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီ ၂၀၀,၀၀၀ခန့်ရှိနေပြီး ထို့ထက် များပြားလာသည့် အခြေအနေနှင့် ပတ်သက်ပြီး နေပြည်တော်မှ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့ခြင်းများ ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာအစိုးရက အခိုင်အမာဆိုသည့် ဘင်္ဂါလီများသည့် ဘင်္ဂလားဒေ့ရှ်များ ဖြစ်သည်ဆိုသည့် စွပ်စွဲချက်ကို လက်မခံခဲ့ပေ။ ထိုအချက်မှာ နှစ်နိုင်ငံကြား စေ့စပ်၍ မရနိုင်သည့် သီးခြားစီ ရပ်တည်မှု ဖြစ်သည်။

တူရကီ၊ ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံများ မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး ဖြေရှင်းရန် ဆွဲဆောင်ခဲ့ခြင်းများ\အား မြန်မာအစိုးရက ပြတ်သားစွာ ပယ်ချခဲ့သည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ်အစိုးရ၏ တာဝန်ရှိသူများနှင့် NGO များက ဘင်္ဂါလီင်္များ တရားမ၀င် ၀င်ရောက်လာမှုနှင့် ပတ်သက်ပြီး အိန္ဒိယအစိုးရက ချက်ချင်းဆောင်ရွက်ရန် အကြံပြုခြင်းများ ရှိသည်။

Sources; SH The Ladies News Millennium Post

No comments:

Post a Comment