Latest News

Thursday, December 29, 2016

သံတမန်အယောင်ဆောင် ရုရှားသူလျှို ၃၅ ဦးကို အိုဘားမား နှင်ထုတ်

သံတမန်အယောင်ဆောင် ရုရှားသူလျှို ၃၅ ဦးကို အိုဘားမား နှင်ထုတ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်ရန်ကြိုးပမ်းခဲ့သည့် သံတမန်အယောင်ဆောင် ရုရှားသူလျှို ၃၅ ဦးကို အမေရိကန် သမ္မတ အိုဘားမားက တိုင်းပြည်မှထွက်ခွာစေရန် ကြာသပတေးနေ့က အသိပေး ကြေညာခဲ့ကြောင်းသိရသည်။
အဆိုပါ ရုရှားသူလျှို ၃၅ ဦးသည် ရုရှားနိုင်ငံရှိ ထိန်တန်း ထောက်လှမ်းရေးဌာနနှစ်ခုမှဖြစ်ကြသည်ဆို၏။

ယင်း ၃၅ ဦးအနက် ထိပ်တန်းအရာရှိကြီးလေးဦးမှာ G.R.U ဟု လူသိများသော ရုရှားနိုင်ငံစစ်ထောက်လှမ်းရေးမှဖြစ်ကြပြီး သူတို့သည် အမျိုးသားဒီမိုကရက်တစ်ကော်မတီကို ထိုးနှက်တိုက်ခိုက်ရန် အမိန့်ရယူခဲ့ကြသည်ဟု အိမ်ဖြူတော်မှယုံကြည်လျှက်ရှိသည်။
ရုရှားသူလျှိုတို့သည် အမေရိကန်သမ္မတရွေးကောက်ပွဲ ကွန်ပျူတာကွန်ရက်ကို ထိုးနှက်ရန်ရည်ရွယ်ခဲ့ကြသည်ဆို၏။

PN-002

Sources; Popular News Journal

No comments:

Post a Comment