Latest News

Wednesday, December 21, 2016

အင်တာနက် သတင်းမှားဖြန့်သူ ထောင် ၅ နှစ်ကျနိုင်

အင်တာနက် သတင်းမှားဖြန့်သူ ထောင် ၅ နှစ်ကျနိုင်


ထိုင်းနိုင်ငံမှာ ကွန်ပြူတာအင်တာနက်ကနေ ချဲ့ကားတဲ့ သတင်းမှားဖြန့်ချိသူတွေကို ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်တဲ့ ဥပဒေ ပြင်ဆင်ချက်ကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချသူတွေကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က အင်္ဂါနေ့မှာ ပြန်လည်တုန့်ပြန်ပြစ်တင်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ချန်အိုချာ က အင်တာနက်ကနေ မကြားဝံ့မနာသာ ဆဲရေးပြောဆိုတာတွေ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရေးသားနေတာတွေ၊ မူးယစ်ဆေးဝါးရောင်းမှုတွေ၊ အပြာဓါတ်ပုံ ဖြန့်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကွန်ပျူတာအင်တာနက် သုံးစွဲပြီး ပြစ်မှုကျူးလွန်သူတွေကို တရားစွဲအရေးယူတဲ့ အမှုအရေအတွက်ဟာ ၂ဝ၁၃ ခုနှစ်က ၄၆ မှုပဲရှိရာကနေ ၂ဝ၁၆ ခုနှစ်မှာ ၄ဝဝ ကျော်ခဲ့ပြီလို့ သိရပါတယ်။

အခုပြစ်ဒဏ်တိုးလိုက်တဲ့ ဆိုင်ဘာလုံခြုံမှုဆိုင်ရာ ဥပဒေကို ထိုင်းဘုရင်က အတည်ပြုပြီးရင် တရားဝင်ဖြစ်လာပါလိမ့်မယ်။

Sources : RFA

No comments:

Post a Comment