Latest News

Saturday, December 24, 2016

တိုင်းရင်းသားကျေးရွာများ တိုးချဲ့ခြင်းဖြင့် အနောက်တံခါးကလူဦးရေကို ထိန်းညှိနိုင်မလား

တိုင်းရင်းသားကျေးရွာများ တိုးချဲ့ခြင်းဖြင့် အနောက်တံခါးကလူဦးရေကို ထိန်းညှိနိုင်မလား

တစ်ချိန်က အနောက်တံခါး လုံခြုံမှု အတွက် တိုင်းရင်းသားကျေးရွာများ တိုးချဲ့ခဲ့ဖူးသည်။

နှစ်ပေါင်း ၂၀ ကျော်အကြာတွင် မောင်တောနယ်စပ်ဒေသ၌ တိုင်းရင်း သားကျေးရွာများ ပထမဆုံးအကြိမ် တိုးချဲ့ရန်အစိုးရက စီစဉ်နေပြီဖြစ် သည်။

ယင်းအစီအစဉ်က မောင်တော ဒေသအတွင်း ဘင်္ဂါလီလူဦးရေ အဆ မတန် များပြားနေခြင်းကို ထိန်းညှိရန် နှင့် ဌာနဆိုင်ရာ သတင်းအချက်အ လက်များရယူမှု ပိုမိုအားကောင်းစေ ရန် အစိုးရက ရည်ရွယ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအ တွင်းက  ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများက နယ်စပ်ဒေသ တွင် လုံခြုံရေးဆိုင်ရာ သတင်းအချက် အလက်များ ရယူမှုအပိုင်း၌ အား နည်းချက်များရှိနေကြောင်း ပေါ်လွင် စေခဲ့သည်။ဘင်္ဂါလီ လူဦးရေက ပိုများနေခြင်းနှင့် ဘာသာစကားနှင့် လမ်း ပန်းဆက်သွယ်ရေး အခက်အခဲ များက သတင်းအချက်အလက် ရရှိမှုကို အခက်တွေ့စေခဲ့သည်။

ထို့ကြောင့်  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ နယ်စပ်ဒေသ တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး (နတလ)ကျေးရွာခုနစ် ရွာကို တိုးချဲ့မည်ဖြစ်ကြောင်း မြို့အဖြစ် သတ်မှတ်ထားသည့် ခမောင်းဆိပ်နှင့် မြင်းလွှတ်ကို ဌာနဆိုင်ရာ ဖွဲ့စည်းပုံအပြည့် တိုး ချဲ့မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြောကြားခဲ့သည်။

မောင်တော နယ်စပ်ဒေသ  တွင် နတလ ကျေးရွာများ တိုးချဲ့ နေရာချထားခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး မဟုတ်တော့ ပေ။ စစ်အစိုးရ လက်ထက်က တည်းက ‘ဘဝသစ်စီမံကိန်း’ ဟု သတ်မှတ်ဆောင်ရွက်ခဲ့ဖူးသည်။ ထိုအချိန်က မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ယခုအစိုးရသစ်၏ စီမံ ကိန်းက ကျေးရွာများက နယ်စပ် စည်း လုံခြုံရေးအတွက် ပိုမိုအား ကောင်းစေခြင်း ရှိ၊ မရှိကိုလည်း ဒေသခံများက စောင့်ကြည့်နေကြ သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် မောင်တောခရိုင်တွင် လူဦး ရေစုစုပေါင်း ခုနစ်သိန်းကျော်ရှိပြီး အစ္စလာမ်ဘာသာဝင် ခြောက် သိန်းရှစ်သောင်းကျော် နေထိုင် ကြောင်း ယခင်အစိုးရလက်ထက် က ထုတ်ပြန်ခဲ့သည်။

မောင်တော မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ စု ရှိ ရာမှ တိုင်းရင်းသားသီးသန့်နေ ထိုင်သည့် ကျေးရွာ ၃၃ ရွာသာ ရှိသည်။ လူဦးရေကွာခြားမှုနှင့် ယခင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် ဒေသခံတိုင်းရင်းသားများ သည် အခြားဒေသသို့ ထွက်ခွာမှုများပြားလာကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ဆို သည်။

သတင်းအချက်အလက်ရရှိ ရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများ က ဘင်္ဂါလီ အသိုင်းအဝိုင်းထဲတွင် သတင်းစုံစမ်းပေးပို့မည့်သူထားရှိသော်လည်း အဆင် မပြေကြောင်း ရခိုင်ပြည်နယ်လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ယခုကဲ့သို့ ပြောသည်။

‘‘သူတို့ဘက်က လူမှုအသိုင်း အဝိုင်းထဲမှာလည်း နီးရာဓားကို ကြောက်နေရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ အခြေ ခံပြီးတော့မှ ကျွန်တော်တို့က သတင်းကွင်းဆက်လေးတွေ ပြတ်သွားတဲ့ အနေအထားရှိပါတယ်’’

စစ်အစိုးရ လက်ထက်တွင် ၁၉၉၀ ပြည့်နှစ်က စတင်၍ဘဝ သစ်စီမံကိန်းအဖြစ် မောရဝတီ၊ ဥဒေါင်း၊ ကိုင်းကြီး၊ သရေကုန် ဘောင်၊ ကင်းချောင်း၊ အောင် မင်္ဂလာအပါအဝင် နတလကျေး ရွာများကို မောင်တောဒေသတွင် တည်ထောင်ခဲ့သည်။

နတလ ကျေးရွာများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများ ကို စတင်နေရာချထားပေးခဲ့ပြီး နောက်ပိုင်း၌ ပြည်မဒေသမှ အိမ် ရာမရှိသူများ၊ အလုပ်အကိုင်မရှိ သူများနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများကိုပါ သင်္ဘောများဖြင့် ပို့ဆောင်နေရာ ချပေးခဲ့သည်။ နတလကျေးရွာ တွင် နေထိုင်သူများကို အိမ် ဆောက်လုပ်ပေးပြီး ဆိုက်ကား၊ ထော်လာဂျီနှင့် လယ်ယာမြေများ ပေးအပ်ကာ လုပ်ကိုင်စားသောက် ရန် ဖန်တီးပေးခဲ့သော်လည်း ယင်းအစီအစဉ်မှာ အောင်မြင်ခြင်း မရှိခဲ့ပေ။

ဘဝသစ်စီမံကိန်း မအောင် မြင်ခဲ့ခြင်းမှာ ဒေသခံမဟုတ်ခြင်း၊ ရရှိသည့် အထောက်အပံ့ပစ္စည်း များဖြင့် လုပ်ကိုင်စားသောက်လို စိတ်နှင့် အတတ်ပညာအားနည်း ခြင်း စသည့်အကြောင်းရင်းနှစ်ခုက နတလကျေးရွာများမှ စွန့်ခွာ သူဦးရေ များပြားစေခဲ့ခြင်းဖြစ် သည်ဟု ရှေ့မီနောက်မီ မောင် တောဒေသခံများက ဆိုသည်။

‘‘ပေးတာအကုန်ယူ၊ နည်း နည်းကြာတော့ ဘင်္ဂါလီ လူမျိုး တွေကို ရှိတာအကုန်ရောင်းပြီး ပြန်ကုန်ကြတယ်။ ကျန်နေတဲ့သူ တွေလည်းရှိပါတယ်’’ဟု ရခိုင်လူ မှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိ နှိုင်းရေးကော်မတီ   နာယက ဦးသန်းထွန်းက ဆိုသည်။

နှစ်ပေါင်း ၂၀ ကျော်အကြာ လက်ရှိ အစိုးရ လက်ထက်တွင် တိုးချဲ့မည့် နတလကျေးရွာများ၌ မူ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်ခိုလှုံလာသည့် တိုင်း ရင်းသား မျိုးနွယ်စုများ၊ ကချင် ပြည်နယ်တွင် သွားရောက်အလုပ် လုပ်ကိုင်ပြီး အဆင်မပြေ၍ ပြန် လာသည့်ဒေသခံများကို အဓိက နေရာချထားမည်ဖြစ်သည်။

‘‘ရွာတွင်မကဘူး။ လုပ်ကိုင် စားသောက်ဖို့အတွက် လယ်တွေ လိုတယ်။ တိရစ္ဆာန်တွေအတွက် စားကျက်တို့ လိုသေးတယ်။ ဒါ တွေအတွက် အဆင်ပြေတဲ့နေရာ မှာ ရွာတွေကို ချပေးသွားမှာဖြစ် တယ်’’ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ဘဝသစ် စီမံကိန်း အလွန် နှစ်ပေါင်း ၂၀ ကျော်အကြာတွင် အစိုးရက ပြန်လည်စတင်မည့် နတလကျေးရွာများ၊ ဝန်ထမ်းဖွဲ့ စည်းပုံ တိုးချဲ့မည့်မြို့များမှာ လူ ဦးရေချိန်ခွင်လျှာ ထိန်းညှိနိုင်ရန် နှင့် လုံခြုံရေးဆိုင်ရာ သတင်း အချက်အလက်များအတွက် အ ထောက်အကူပြုနိုင်ရန် ဒေသခံ များက မျှော်လင့်နေကြသည်။

ဘဝသစ် စီမံကိန်းအဖြစ် နတလ ကျေးရွာများ ထူထောင် ရာတွင် ပါဝင်ခဲ့သည့် မောင်တော မြို့မှ မြို့မိမြို့ဖဦးအောင်ကျော် ညွန့်က ယခုလိုမှတ်ချက်ပြုသည်။

‘‘အဓိကက အဲဒီရွာမှာ ရေ ရှည်နေချင်တဲ့လူ လိုပါမယ်။ သူတို့နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါ တယ်’’ဟု ၎င်းက ပြောသည်။

‘‘စားဝတ်နေရေးအတွက် ဝင်ငွေရှာဖို့ သူတို့နဲ့ သင့်တော်တဲ့ အလုပ်မရှိရင် ပြန်ကြမှာပဲ။


Sources; 7 Day

No comments:

Post a Comment