Latest News

Sunday, December 18, 2016

လှိုင်သာယာမြို့နယ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ



ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်း
ဒေသကြီး၊ မြို့နယ်များ အတွင်း ခိုးမှု၊ ခါပိုက်နှိုက်မှု၊ လုယက်မှုကျူးလွန်သူ
များဖမ်းဆီးရမိရေး နယ်မြေအတွင်း သတင်းစုံစမ်းဆောင်ရွက်နေစဉ် ၁.၁၂.၂၀၁၆ ရက်နေ့ ၁၁၄၅ အချိန်ခန့်၌ လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးရှိ ၁ထိပ်ကားမှတ်တိုင်တွင် အမှတ်(၇၉)မီနီ
ဘတ်စ်ခရီးသည်တင် ယာဉ်ပေါ်မှဆင်းလာသူ လှိုင်သာယာမြို့နယ်နေသူ
များဖြစ်ကြသည့် ငုတ်ကောင်(ခ) အောင်ခိုင်လင်း၊ (၂၁)နှစ်၊ချစ်ဝေ(ခ)ထွန်းနိုင်၊
(၂၅)နှစ်၊ ရဲထွန်းဝင်း၊ (၂၆)နှစ်၊ ကျော်သက်၊ (၂၀)နှစ်နှင့်ရဲထွဋ်(ခ)ရဲထွန်း၊
(၂၃)နှစ်တို့ (၅)ဦးအားတွေ့ရှိပြီး ထိန်းသိမ်းရှာဖွေခဲ့ရာ ချစ်ဝေ(ခ)ထွန်းနိုင်
လွယ်ထားသည့် ကျောပိုးအိတ်အတွင်း၌ တွေ့ရှိသည့် ငွေကျပ် (၂၅၀၀၀)
ပတ်သက်၍ စစ်မေးရာ ၎င်းခရီးသည်တင်ယာဉ်ပေါ်ပါအသက်(၂၀)နှစ်ခန့်ရှိ
အမျိုးသားတစ်ဦး၏ကျောပိုးအိတ်အတွင်းမှ နှိုက်ယူရရှိခဲ့သောငွေများ
ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၂၆၂၃/၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

အမှုမှ ဖမ်းဆီးရမိသူ ချစ်ဝေ(ခ)ထွန်းနိုင်ပါ (၅)ဦးတို့အား အခြားခါးပိုက်နှိုက်မှု
များကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ်၊
စက်တင်ဘာလအတွင်းက အမှတ်(၁၂၅)ခရီး သည်တင် ယာဉ်ပေါ်ပါ
အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ဆွဲခြင်းအတွင်းမှ SAMSUNG
GRAND Neo လက်ကိုင်ဖုန်း၊ အသက်(၁၈)နှစ်ခန့်ရှိ လူငယ်တစ်ဦး၏
ဘောင်းဘီအိတ်ကပ်အတွင်းမှ Huawei Y610လက်ကိုင်ဖုန်းနှင့်
အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ
Huawei 730 လက်ကိုင်ဖုန်းတို့အား ရဲထွဋ်(ခ)ရဲထွန်းက နှိုက်ယူစဉ်
ကျန်သူများမှ လူကာပေးခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာမြို့မ
ရဲစခန်းတွင်ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းပြင် ၂၀၁၆ခုနှစ်၊ နိုင်ဝင်ဘာလအတွင်းက အမှတ်(၇၉)ခရီးသည်တင်
ယာဉ်လိုင်းပေါ်ပါ အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ဘောင်းဘီ
အိတ်ကပ်အတွင်းမှ Huawei Y 610 ဖုန်း (၁)လုံး၊ အသက်(၃၀)နှစ်ခန့်ရှိ
အမျိုးသမီးတစ်ဦး၏ဆွဲခြင်းထဲမှ Huawei Y 610 (၁)လုံးနှင့် အသက်(၄၅)နှစ်
ခန့်ရှိ အမျိုးသားတစ်ဦး၏အင်္ကျီအိတ်ကပ်အတွင်းမှ Huawei 730 ဖုန်း(၁)လုံး၊
နိုဝင်ဘာလအတွင်းက အမှတ်(၁၂၁)ခရီးသည်တင် ယာဉ်လိုင်းပေါ်ပါ
အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှHuaweiလက်ကိုင်ဖုန်း(၁)လုံး၊  အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏
ဘောင်းဘီအိတ်ကပ်အတွင်းမှ ZTE လက်ကိုင်ဖုန်း (၁)လုံးနှင့် အသက်
(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ဆွဲခြင်းအတွင်းမှ SAMSUNG GRAND
(၁)လုံးလုံးတို့အား ရဲထွဋ် (ခ)ရဲထွန်းကနှိုက်ယူစဉ် ကျန်သူများမှလူကာ
ပေးခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင်
အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများ
သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment