Latest News

Monday, December 26, 2016

ဧရာဝတီတိုင်းမှာသက်ငယ်မုဒိန်း ၊ ဘယ်လိုလူတွေ အများဆုံးကျူးလွန်နေလဲ တိုင်းဧရာ


ဧရာဝတီတိုင်းမှာသက်ငယ်မုဒိန်း ၊ ဘယ်လိုလူတွေ အများဆုံးကျူးလွန်နေလဲ  တိုင်းဧရာ
ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  လူပြောများနေတဲမှုခင်းဖြစ်စဉ်တွေထဲမှာ သက်ငယ်မုဒိန်း ကျူးလွန်မှု တွေ အများစုပါဝင်နေပါတယ်။
ဒါ့ ကြောင့်လည်း ပြစ်မှုကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက် တကျွန်း အထိအပြစ်ပေးနိုင်မယ့် ဥပဒေကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ အစိုးရအဖွဲ့ ကတင်ပြ ခဲ့ တာပါ။
ရှေ့နေချုပ်ရုံးကနေ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ အခါ အဲဒီဥပဒေကြမ်းကို လွှတ်တော်ထံ မကြာမီ တင်သွင်းသွားမယ် လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်
 ဧရာဝတီတိုင်းဒေသကြီး ရဲ့ သက်ငယ်မုဒိန်းကျူးလွန်မှုဖြစ်စဉ်တွေကို လည်းသက်ဆိုင်ရာရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်ပါပြီ။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလကနေ နိုဝင်ဘာလအထိ ဧရာဝတီတိုင်းဒေသကြီးမှာ သက်ငယ်မုဒိန်း မှု (၁၀၁)ကြိမ် ဖြစ်ပွါးခဲ့ တယ်လို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်။
၊ဖျာပုံ ခရီုင် (၂၆)မှု ပုသိမ် ခရိုင် (၂၃)မှု ဟင်္သာတခရိုင်  (၁၅)မှု ၊မအူပင်ခရိုင်(၁၆)မှု မြောင်းမြ ခရီင်(၁၃)မှု နှင့် လပွတ္တာခရီင်မှာ(၈)မှုဖြစ်ပွါးခဲ့ တာပါ။
သက်ငယ်မုဒိန်းကျူးလွန်သူတွေဟာ အသိဥာဏ်ပညာ အတွေးအခေါ် အယူအဆနဲ့  ဆင်ခြင်တုံတရား နိမ့် ပါးသူတွေဖြစ်တယ် အခြေခံ လူတန်းစားတွေ ဖြစ်ပြီး ၀မ်းရေးအတွက် အဓိကရုန်းကန်နေရသူတွေ ဖြစ်တယ်လို့  ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ရဲမှူးဦးစီး ရဲမှူးမျိုးမြင့်အောင်ကပြောပါတယ်။
သက်ငယ်မုဒိန်းကျူးလွန်သူတွေထဲမှာ ဖခင် အရင်း ၊ပထွေး၊နှင့်ဆွေးမျိုးတော်စပ်သူတွေလည်းပါဝင်နေပါတယ်။
ပြောရမယ်ဆိုရင်တော့ ဒီလို အများဆုံးဖြစ်နေတဲ့ အခြေခံ လူတန်းစားတွေ ကြား မှုခင်းပညာပေး ဆွေးနွေးမှုကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကပိုမိုဆောင်ရွက်သင့်တယ်လို့  တရားလွတ်တော်ရှေ့ နေတစ်ဦးကအကြံပြုပြောဆိုပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း သက်ငယ်မုဒိန်းကျူးလွန်သူတွေကို ဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် (၂၀)ချမှတ်လေ့ ရှိပါတယ်။
မျိုးမင်းပိုင်

No comments:

Post a Comment