Latest News

Thursday, December 8, 2016

မုံးကိုးမြို့ အတွင်းနှင့် အနီးဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ တွေ့ရှိ သိမ်းဆည်း

မုံးကိုးမြို့ အတွင်းနှင့် အနီးဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ တွေ့ရှိ သိမ်းဆည်း

နေပြည်တော် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ တပ်မတော် စစ်ကူ စစ်ကြောင်းများ ရောက်ရှိပြီးနောက် မြို့လုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှု ရှိစေရန်၊ အများပြည်သူများ အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ရေး နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် မုံးကိုးမြို့ ရဲစခန်းအတွင်းမှ အမ် ၂၂ သေနတ် ၈ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၆ လုံးပြူး ၄ လက်၊ ၎င်းကျည် ၂၀၀ တောင့်၊ အမ် ၂၃ ကျည်အိမ် အ၀ိုင်း ၉ ခုနှင့် ကျည်ခါးပါတ် ၁ တွဲတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယနေ့တွင်လည်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိရာ မုံးကိုးမြို့ အတွင်းမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၎င်းလက်နက် နှစ်ချောင်းထောက် အောက်ခံခုံပါ ၁ စုံနှင့် ချိန်ဆိုဒ် ၁ ခု၊ ၎င်းဗုံးသီး ၇ လုံး၊ ပစ္စတို ၂ လက်၊ ၎င်းကျည် ၃၇ တောင့်၊ အမ် ၂၂ -၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်၊ လုပ်သေနတ် ၁ လက်၊ အမ် ၂၂ ကျည်အိမ် ၉ ခု၊ အမ် ၂၂ ကျည် ၉၄၀ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ အမ် ၁၆ ကျည် ၃၈၀ တောင့်၊ စနိုက်ပါ မှန်ပြောင်း ၁ ခုနှင့် လမ်းလျှောက် စကားပြောစက် ၃ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မုံးကိုးမြို့ အတွင်းနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား နေ့ညမပြတ် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment