Latest News

Wednesday, December 21, 2016

ဖွဲ့စည်းပုံ အခြေခံဥပဒေ

ဖွဲ့စည်းပုံ အခြေခံဥပဒေ


ပြည်သူက တင်မြှောက်တဲ့ အရပ်သား အစိုးရကသာ တိုင်းပြည်ကို အုပ်ချုပ်ခွင့် အာဏာကုန် ရရှိအောင် အခြေခံ ဥပဒေ ဥပဒေ ပြင်ဆင် သင့်ကြောင်း ဟိုတစ်နေ့က ပို့စ်တစ်ခုမှ ရေးခဲ့ဖူး ပါတယ်။ ဒီနေရာမှာ အရပ်သား အစိုးရ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နားမလည် တဲ့သူတွေ ရှိလို့ ပြန်ရှင်းပြ ချင်ပါတယ်။

အရပ်သား အစိုးရ ဆိုတာ စစ်တပ်ကလူ လုံးဝ မပါတဲ့ အစိုးရကို ပြောချင်တာ မဟုတ်ပါဘူး။ စစ်တပ်ကလူ လုံးဝ မပါတဲ့ အစိုးရမျိုး နိုင်ငံတကာ မှာလည်း ရှားပါတယ်။ ပြည်သူက ရွေးချယ်တဲ့ သမ္မတဟာ ဘယ်အဖွဲ့အစည်းက လူကိုဖြစ်ဖြစ် သင့်တော်တဲ့ ရာထူး ခန့်အပ်နိုင်ပါတယ်။ ဒါပေမယ့် တပ်က ဖြစ်နေလို့ မဖြစ်မနေ ခန့်ရတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ မဟုတ်ဘဲ တကယ် အရည်အချင်း ရှိလို့ အရပ်သားထက် ကျော်ပြီး ခန့်အပ်တာမျိုး ဖြစ်ဖို့ လိုပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းဟာ စစ်တပ်ကနေ အနားယူပြီးမှ နိုင်ငံရေး လောကထဲ ၀င်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အခြေခံ ဥပဒေမှာ စစ်တပ် ဘယ်လောက် ရာခိုင်နှုန်း လွှတ်တော်ထဲ အလိုလို ပါခွင့် ရှိရမယ်လို့ မဆွဲခဲ့ပါဘူး။ သူဟာ စစ်တပ်က ဖြစ်နေလို့ ရာထူး တစ်နေရာ ပေးရမယ် လို့လည်း မတောင်းခဲ့ပါဘူး။  ယူနီဖောင်း ချွတ်ပြီးမှ အရပ်သား တွေနဲ့ တန်းတူ မျှမျှတတ ယှဉ်ပြိုင်ပြီး နိုင်ငံရေး လုပ်ခဲ့တာပါ။ ဒီလို စိတ်ဓာတ်မျိုး လက်ရှိ မြန်မာ တပ်မတော် အသိုင်းအ၀ိုင်းမှာ ရှိစေချင် ပါတယ်။

ကုန်ကုန် ပြောရရင် လက်ရှိ တပ်က အကြီးအကဲ တွေလည်း ရာထူးက အနားယူ တဲ့အခါ ပါတီ တစ်ခုခု ကနေ သမ္မတ ဖြစ်ဖို့ ကြိုးပမ်းခွင့် ရှိပါတယ်။ ဒါပေမယ့် ပြည်သူ့ ဆန္ဒမဲ သက်သက်နဲ့ မယှဉ်ပြိုင်ဘဲ လွှတ်တော် ထဲက စစ်သား ၂၅ ရာခိုင်နှုန်း အားကိုးနဲ့ အသာစီး ယူပြီး ယှဉ်ပြိုင်မယ် ဆိုရင် နိုင်ရင်တောင် သိက္ခာ ကျပါတယ်။ တပ်မတော် သားဟာ အရပ်သားကို တန်းတူ မယှဉ်ပြိုင် ရဲဘူး ဆိုတဲ့ အမြင်မျိုး မြင်လာ ပါလိမ့်မယ်။

မြန်မာ့ တပ်မတော် သားတွေ အဲဒီလောက် အရည်အသွေး နိမ့်ကျတယ်လို့ ကျွန်တော် မထင်ပါဘူး။ ပြည်သူ ကလည်း တပ်မတော်ကို တခဲနက် ထောက်ခံ နေကြတာပဲ မဟုတ်လား။ ဟိုတစ်နေ့ ကတောင် ရန်ကုန် မြို့လယ်မှာ လူအင်အား သောင်းနဲ့ချီပြီး တရားသောစစ် ထောက်ခံပွဲ လုပ်ကြ သေးတာပဲ။ ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ဒီအခြေခံ ဥပဒေကို ပြင်ချင်ကြမယ်၊ ပြင်ဝံ့ ကြမယ်လို့ မျှော်လင့်ပါတယ်။

Zin Thaw Naing ရေးသားသည်။

No comments:

Post a Comment