Latest News

Monday, December 26, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဘရာဇီးနှင့် ဆောဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဘရာဇီးနှင့် ဆောဒီအာရေဗျ
ဘုရင့်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်





နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော မစ္စတာ အန်တိုနီယို ဟိုဆေး မာရီယာဒီဆိုဇာအီ ဆစ်လ်ဗာသည် ယနေ့ နံနက် ၁၀ နာရီ တွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ၎င်း၏ သံအမတ်ကို ပေးအပ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဆာဟဲ လဲ မူစတာဖာ အာမက် အာဂျီစပ် သည် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။

Sources; (သတင်းစဉ်)MOI

No comments:

Post a Comment