Latest News

Wednesday, December 21, 2016

ချစ်သူနဲ့ ချိန်းတွေ့ပြီး ပြန်အလာ ပါးမှာ နှုတ်ခမ်းနီတွေ ပေလာတဲ့ ရော်နယ်ဒို

ချစ်သူနဲ့ ချိန်းတွေ့ပြီး ပြန်အလာ ပါးမှာ နှုတ်ခမ်းနီတွေ ပေလာတဲ့ ရော်နယ်ဒို

ဂျပန်က ပြန်ရောက်လာပြီးနောက် မက်ဒရစ်မြို့ထဲမှာ ချစ်သူနဲ့ချိန်းတွေ့ခဲ့တာ ဖြစ်ပါတယ်။
 
ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုဟာ သူ့ရဲ့ချစ်သူဂျောဂျီနာရိုဒရီဂွက်ဇ်နဲ့ ညဘက်ချိန်းတွေ့ပြီး ပြန်အလာ ပါးထက်မှာ နှုတ်ခမ်းနီရာတွေ ပေကျံလာခဲ့ကြောင်း သိရပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်မှာ သွားရောက်ကစားပြီးနောက် ချန်ပီယံဖြစ်ပြီး စပိန်ကိုပြန်ရောက်လာတဲ့နေ့မှာပဲ ရော်နယ်ဒိုဟာချစ်သူနဲ့အတူ မက်ဒရစ်မြို့မှာ ညစာထွက်စားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စားသောက်ဆိုင်ထဲက ပြန်ထွက်လာပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ ပါးပြင်ထက်က နှုတ်ခမ်းနီရာဟာ အဲဒီနေ့က ချစ်သူရိုဒရီဂွက်ဇ်ဆိုးထားတဲ့ နှုတ်ခမ်းနီရာနဲ့ တစ်ထပ်တည်း ကျနေခဲ့ပါတယ်။

ဘလွန်းဒီအော်ဆု၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုအပါအဝင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ရော်နယ်ဒိုဟာ အောင်မြင်မှုများစွာ၊ စံချိန်များစွာ ရရှိခဲ့သူဖြစ်ပါတယ်။ စားသောက်ဆိုင်ထဲက ပြန်ထွက်လာပြီးတဲ့နောက်မှာ ရော်နယ်ဒိုနဲ့ ချစ်သူရိုဒရီဂွက်ဇ်က ရိုးလ်ရွိုက်စ်ဇိမ်ခံကားနဲ့ ပြန်ထွက်သွားခဲ့ကြတာ တွေ့ရပါတယ်။


Source : The Sun & Duwun
 

No comments:

Post a Comment