Latest News

Thursday, December 22, 2016

ဖမ်းဆီးရမိထားသည့် လင်းမြွေအကောင် ၃၀၀ ကျော် ဘေးမဲ့တောအတွင်း လွှတ်

ဖမ်းဆီးရမိထားသည့် လင်းမြွေအကောင် ၃၀၀ ကျော် ဘေးမဲ့တောအတွင်း လွှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မန္တလေး-လားရှိုးလမ်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က မော်တော်ယာဉ်တစ်စီးပေါ်မှ ဖမ်းဆီးရမိ ထားသည့် လင်းမြွေ ၃၁၁ ကောင်ကို သပိတ်ကျင်း မြို့နယ် ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က လွှတ်ပေးခဲ့ ကြောင်း သီပေါမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဇော်မိုးမြင့်က ပြောကြားသည်။

“ဖမ်းမိမြွေကို ရုံးချုပ်ညွှန်ကြားချက်နဲ့ အနီးဆုံး ဘေးမဲ့တောမှာ ပြန်လွှတ်ပေးတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြွေများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က မန္တလေး-လားရှိုးလမ်း မိုင်တိုင် ၁၄၉/၄ နှင့် ၁၄၉/၅ အကြား သီပေါမြို့နယ် နမ့်အွန်ရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ် တင်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် သစ်တောဦးစီး ဌာနထံမှ သိရသည်။

သဘာဝအတိုင်း လွတ်လပ်စွာ နေထိုင်ကျက်စားရန် ဘေးမဲ့တောအတွင်း လွှတ်ပေးခြင်း ဖြစ်သည်။

Sources : ဇော်မိုးမြင့် (The Voice)


No comments:

Post a Comment