Latest News

Monday, December 19, 2016

တစ်ပတ်အတွင်း ရော်နယ်ဒို ရခဲ့တဲ့ အောင်မြင်မှု (၇) ခု

တစ်ပတ်အတွင်း ရော်နယ်ဒို ရခဲ့တဲ့ အောင်မြင်မှု (၇) ခု

ဘောလုံးလောကမှာ အောင်မြင်မှုအရဆုံး ရက်သတ္တပတ်ကို ရော်နယ်ဒို ပိုင်ဆိုင်ခဲ့တာပါ။
     
၂၀၁၆ ခုနှစ်ဟာ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုအတွက် အောင်မြင်မှုများစွာ ရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်။ တစ်နှစ်တည်းမှာ ယူရိုချန်ပီယံရှစ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဘလွန်းဒီအော်ဆုကို တစ်ပြိုင်တည်း ရရှိတဲ့ ပထမဆုံး ဘောလုံးသမားလည်း ဖြစ်လာခဲ့သူပါ။

ဘောလုံးသမိုင်းတစ်လျှောက်မှာ အောင်မြင်မှုအရဆုံး ရက်သတ္တပတ်ကို ရော်နယ်ဒို ရရှိခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ဘလွန်းဒီအော်ဆု

ဘလွန်းဒီအော်ဆုပေးပွဲကို ပါရီမြို့မှာ ကျင်းပတော့ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလား ကစားဖို့ ဂျပန်ကို ရောက်နေပြီဖြစ်ပါတယ်။ ရော်နယ်ဒိုက ဆုပေးပွဲအတွက် ဗီဒီယိုမက်ဆေ့ခ်ျကို ကြိုတင်ရိုက်ကူးပြီး ချန်ထားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုလည်း ဖြစ်ပါတယ်။

၂။ ဂိုး ၅၀၀ ပြည့်

ရီးရဲလ်မက်ဒရစ်အသင်းက ကလပ်အမေရိကအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ အသင်းအတွက် ဂိုး ၅၀၀ ပြည့်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ရာသီကုန်တဲ့အခါ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နိုင်တဲ့ အသင်းတွေက ဂိုးလေးဆယ်ကျော်၊ ငါးဆယ်ဝန်းကျင် သွင်းနိုင်လေ့ရှိပါတယ်။ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ၇ နှစ်တာ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအလယ်က အသင်းတစ်သင်းလုံး ဆယ်နှစ်သွင်းမှ ရမယ့် ဂိုးအရေအတွက်လောက် ဖြစ်နေပါတယ်။

၃။ နောက်ထပ် ဆုဖလား

ရော်နယ်ဒိုရဲ့ ဆုတံဆိပ်ပြခန်းထဲမှာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်တစ်ခု ထပ်တိုးသွားပြီဖြစ်ပါတယ်။ ယူရိုချန်ပီယံရှစ်ဆုတံဆိပ်၊ ချန်ပီယံလိဂ်ဆုတံဆိပ်တို့အပြင် အခုကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်ကိုလည်း နောက်တစ်ခါ ထပ်ရပြန်ပြီဖြစ်ပါတယ်။

၎။ ဟက်ထရစ်စံချိန်ရှင်

ဂျပန်ကလပ် ကာရှီမာအန်တလားစ်အသင်းကို အချိန်ပိုမှာ နှစ်ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာပြန်ပါတယ်။ ဆုတံဆိပ်မရပေမယ့် ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တစ်ခုဖြစ်ပြီး ဘောလုံးသမားတိုင်းရဖို့ မလွယ်တဲ့ အရာဖြစ်ပါတယ်။

၅။ ပီလီကို လိုက်မီသွားခြင်း

သက်ရှိထင်ရှား ဘောလုံးသမားတွေထဲမှာ ဘရာဇီးဂန္တဝင်ကစားသမားပီလီဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးထက်တော့ အရည်အသွေး မလျော့ဘူးလို့ ပရိသတ်တွေက ယူဆထားကြပါတယ်။ အခုနှစ်ပေါင်း ၅၀ ကျော် ပီလီတင်ထားခဲ့တဲ့ စံချိန်ကို ရော်နယ်ဒိုက လိုက်မီသွားပါပြီ။ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ကစားသမားဟာ ရော်နယ်ဒိုမတိုင်ခင် ပီလီတစ်ဦးတည်း ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်က ဘင်ဖီကာကို ဆန်းတို့စ်အနိုင်ရတဲ့ ပွဲမှာ ဖြစ်ပါတယ်။

၆။ ဟက်ထရစ်အကြိမ်ရေ ၄၀ ပြည့်

ဒီဗိုလ်လုပွဲမှာ ရော်နယ်ဒို ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ အကြိမ်ရေကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အတွက် ဟက်ထရစ်သွင်းယူပေးတဲ့ အကြိမ်ရေ ၄၀ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ပွဲအတွင်း သုံးဂိုးနဲ့အထက် ဂိုးသွင်းခြင်းကို ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ အကြိမ် ၄၀ တိတိ ပြုလုပ်ပြခဲ့ပါပြီ။

၇။ နောက်ထပ် ရွှေဘောလုံးဆု

ရော်နယ်ဒိုရဲ့ အောင်မြင်မှုက ရပ်တန့်မသွားသေးပါဘူး။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပြီး တစ်ပတ်အတွင်း နောက်ထပ် ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။

ှSource : Mirror & Duwun

No comments:

Post a Comment