Latest News

Thursday, December 8, 2016

မောင်းတောဒေသသတင်းများ

မောင်တောဒေသသတင်းများ

ဒီဇင်ဘာ ၈၊၂၀၁၆

မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦး ဖမ်းဆီးရမိ


ဒီဇင်ဘာ ၆ ရက် ည ၈ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်မတော်ရေယာဉ်ဖြင့် မောင်တော မြို့နယ် ကျွန်းပေါက်ဝချောင်းဝအတွင်း ကင်းလှည့်စဉ် မသင်္ကာဖွယ် လှေ ၁ စီး တွေ့ရှိရ၍ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနပ်မြို့၊ လင်ဘာဆီကျေးရွာနေ အဒူရှူးကူ ၄၃ နှစ် နှင့် ဘူလူမျာ ၄၂ တို့ နှစ်ဦးအား ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ငွေကြေးထောက်ပံ့နေသူများ ဖမ်းဆီးရမိ
---------------------------------------------------------------------------

အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ရန်အတွက် တစ်ဖက်နိုင်ငံမှ ငွေကြေးများ လွှဲပြောင်း/ လက်ခံ ရယူပြီး လှုံ့ဆော်မှုပြုလုပ်နေသူများရှိသည်ဟု စုံစမ်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီ ခွဲတွင် သဝန်ချောင်း (မြောက်) ကျေးရွာနှင့် ချိန်ခါလီ ကျေးရွာများသို့ သွားရောက် စစ်ဆေးရာ မသင်္ကာသူ ၄ ဦးအား ငွေကျပ် သိန်း ၃၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၇ရက် က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိထားသူများအား စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များအရ အကြမ်းဖက်တိုက်ခိုက်သူများကို ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်သူ အီမာန်နူရ်ဆောင်းအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာ ၈ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြည်ပမှ ငွေကြေးလွှဲပြောင်းလက်ခံသူ စုစုပေါင်း ၅ ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ
-----------------------------------------------------------------

မောင်တောမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နတ်မြစ်အတွင်း တပ်မတော် ရေယာဉ်ဖြင့် လုံခြုံရေး ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ လောင်းလှေတစ်စီးတွေ့ရှိရသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ အနောက်တောင်ဘက်သို့ ထွက်ပြေးသွားသောကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လောင်းလှေပေါ်မှ မောင်တောမြို့နယ် ရွှေဇား (အနောက်) ကျေးရွာနေ မာမောက်ဆူတန် ၅၅ နှစ်နှင့် အာရပ် ၁၈ နှစ်၊ ရွှေဇား (အလယ်) ကျေးရွာနေ အော်လီမက် ၁၉ နှစ်၊ ဟာဘာလူရော်ဟာမန်း ၁၇ နှစ် နှင့် နူရ်မာမတ် (၁၈) နှစ်တို့အား WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄ သိန်း ကျော်ခန့် ထည့်သွင်းထားသည့် ဆာလာအိတ် ၂ အိပ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ ၅ ဦး အား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Ref: State Counsellor Office Information Committee

No comments:

Post a Comment