Latest News

Thursday, December 29, 2016

ပရိသတ်တွေ အခမဲ့ဆင်နွှဲနိုင်မယ့် ပြည်သူ့ရင်ပြင် ဂီတပွဲတော်

ပရိသတ်တွေ အခမဲ့ဆင်နွှဲနိုင်မယ့် ပြည်သူ့ရင်ပြင် ဂီတပွဲတော်

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဂြိုဟ်ကိုးလုံး အင်တာ တိန်းမန့်၏ (၁၃)နှစ်ပြည့် အမှတ် တရအဖြစ် The Public Festivalကို ပြည်သူ့ရင်ပြင်၌ နှစ်ရက်တိုင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်း ဖျော်ဖြေပွဲစီစဉ်သူ ကိုသက်ဖုန်း နိုင်က ပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ပြည် သူ့ရင်ပြင်၌ ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

The Public Festival  ဖွင့်ပွဲ ကို ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ မြန်မာ့ရိုးရာ ဆင်အကဖြင့် ဖျော် ဖြေမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုသက်ဖုန်းနိုင်က ပြောသည်။

‘‘၃၀ ရက်မှာ Nine Planets ရဲ့ 13 Anniversary ဖြစ်တဲ့အ တွက် ကျွန်တော့်ရဲ့ Member Band တွေဖြစ်တဲ့ Idoits၊ Wanted၊ Reason၊ BigBag အစ ရှိတဲ့   အမာခံ Band တွေအပြင် Antibiotics အပါအဝင်  တခြားမျိုးဆက်သစ် Band တွေလည်း လာဖျော်ဖြေပါမယ်’’ဟု ၎င်းကပြောသည်။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁ နာရီကစ၍ ဖျော်ဖြေရေး ပြုလုပ်မည်ဖြစ်ပြီး အိုင်းရင်းခရော့စ်အဖွဲ့ က ည ၉ နာရီကစ၍ နှစ်သစ်ကူးချိန်အထိ ဖျော်ဖြေပေးမည်ဖြစ် သည်။

‘‘ကျွန်တော်တို့ကို လာပူး ပေါင်းတာက အိုင်းရင်းခရော့စ်က ကိုလေး (လေးဖြူ)ကလည်း နယူး ရီးယား Count Down အော်ချင် တယ်တဲ့။ ဒါပေမဲ့ အခကြေးငွေယူ ပြီး အော်မှာမဟုတ်ဘူး။ Free Show လုပ်ပြီး အော်ချင်တယ်။ အဲဒီလိုဆို ဘယ်လိုလုပ်ကြမလဲဆို တော့ အဲဒါဆို အဆင်ပြေတာပေါ့ ဆိုပြီး ကျွန်တော်တို့ Nine Planet နဲ့အတူတူ ပူးပေါင်းဖြစ်တာ’’ဟု ကိုသက်ဖုန်းနိုင်က ပြောသည်။

ပွဲတော်အဖြစ် ကျင်းပခြင်း ဖြစ်၍ ပွဲတော်အင်္ဂါရပ်နှင့်အညီ ပြပွဲများ၊ ဖက်ရှင်ရှိုးများနှင့် အခြားအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sources; 7Day

No comments:

Post a Comment