Latest News

Wednesday, December 28, 2016

ဘယ်သန်တွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၆) ချက်

ဘယ်သန်တွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၆) ချက်

ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်က ဘယ်သန်တွေ ဖြစ်ပါတယ်။

ဒါတွေကတော့ လူသိပ်မသိသေးတဲ့ ဘယ်သန်တွေနဲ့ ပတ်သက်တဲ့ အချက်တွေပါ။

၁။ ရေအောက်ထဲမှာ ပိုမြင်နိုင်တယ်

အတော်ထူးဆန်းတဲ့အချက်ပါ။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ သိရပေမဲ့ အကြောင်းရင်းကိုတော့ သူတို့မသိပါဘူး။ ဘယ်သန်တွေမှာ လူတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းက ကွဲပြားခြားနားလို့ ဖြစ်နိုင်ပါတယ်။

၂။ ပန်းချီဆွဲပုံ ထူးခြားတယ်

ဘယ်သန် အများစုဟာ ညာဘက်ကို မျက်နှာမူနေတဲ့ ပန်းချီပုံတွေကို ဆွဲတတ်ပေမဲ့ ဘယ်ဘက်ကို ကြည့်နေတဲ့ ပုံတွေကို ဆွဲရာမှာ သူတို့အတွက် ခက်ခဲပါတယ်။ လီယိုနာဒို ဒါဗင်ချီဟာ နာမည်အကျော်ကြားဆုံး ဘယ်သန် ပန်းချီဆရာတစ်ယောက် ဖြစ်ပေမဲ့ ညာဘက်ကိုလှည့်တဲ့ ပုံတွေကို ပိုအားသန်ပါတယ်။

၃။ ယာဉ်မောင်းစာမေးပွဲအောင်တာ မြန်တယ်

လေ့လာမှုများအရ ဘယ်သန် ၅၇ ရာခိုင်နှုန်းဟာ ယာဉ်မောင်းစာမေးပွဲကို ပထမဆုံးအကြိမ် ဖြေဆိုချိန်မှာပဲ အောင်မြင်ကြပြီး ညာသန်တွေထက် ၁၀ ရာခိုင်နှုန်း ပိုပါတယ်တဲ့။ ပြိုင်ကားမောင်းသမား Ayrton Senna အပါအဝင် အကောင်းဆုံး ကားမောင်းသမားတွေက ဘယ်သန်တွေ ဖြစ်ပါတယ်။

၎။ ရှက်တတ်တယ်

ဘယ်ကျော်တွေက အရမ်းရှက်တတ်ပါတယ်တဲ့။ လေ့လာမှုတစ်ခုအရ ဘယ်သန်တွေက အမှားလုပ်မိမှာ၊ ဝေဖန်ခံရမှာကို ညာသန်တွေထက် ပိုကြောက်ကြတယ် လို့ ဆိုပါတယ်။

၅။ ခေါင်းဆောင်ဖြစ်သူ များတယ်

နောက်ဆုံး အမေရိကန် သမ္မတ ၇ ဦးမှာ ၅ ဦးဖြစ်တဲ့ သမ္မတအိုဘားမား၊ ဘီကလင်တန်၊ ဂျော့ဂ်ျဘွတ်ရှ်၊ ရော်နယ်ရေဂန် (ဘယ်ညာနှစ်ဖက်စလုံးသန်သူ) နဲ့ ဂျရက်ဖို့ဒ်တို့က ဘယ်သန်တွေဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ကလည်း ဘယ်သန်ပါပဲ။

၆။ လူတွေတင် မဟုတ်ပါဘူး

ခွေးတွေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ကြောင်တွေရဲ့ ၄၀ ရာခိုင်နှုန်းက ဘယ်သန်တွေ ဖြစ်တယ်လို့ သိရပါတယ်။ သင့်ရဲ့ခွေး၊ ဒါမှမဟုတ် ကြောင်ရဲ့ နှုတ်ခမ်းပေါ်ကို စေးကပ်တဲ့အရာတစ်ခုခု တင်ပြီး သူ ဘယ်လက်နဲ့ ဖယ်ရှားမလဲဆိုတာကို ကြည့်ပြီး ဘယ်သန်လား၊ ညာသန်လားဆိုတာ ခွဲခြားနိုင်ပါတယ်။

Sources; Duwun

No comments:

Post a Comment