Latest News

Wednesday, December 28, 2016

ငြိမ်းချမ်းရေးငှက် အမြန်ပျံလာပါငြိမ်းချမ်းရေးငှက် အမြန်ပျံလာပါ

ငြိမ်းချမ်းရေးငှက် အမြန်ပျံလာပါငြိမ်းချမ်းရေးငှက် အမြန်ပျံလာပါ



"အဖေရှိရင် ပျော်တယ်။ အဖေ မရှိရင် မပျော်တော့ဘူး’’

‘‘သမီးတို့ သူငယ်ချင်းကို ပြောပေးပါ။ ကျောင်းပြန်လာ တက်ပါလို့’’

ကချင်ပြည်နယ် မိုးမောက် ဒေသရှိ အစိုးရစာသင်ကျောင်း တစ်ခုတွင် စာသင်နေသော က လေးအချို့က ၎င်းတို့၏ရင်တွင်း ဆန္ဒကို ကလေးငယ်များပီပီ အား ကိုးတကြီး ပြောဆိုနေခြင်းဖြစ် သည်။

အဖေဖြစ်သူ စစ်သားကြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲတွင် ကျဆုံးသွားပြီးနောက် အသက်(၁၁)နှစ်အရွယ် မောင် ကံဝေဦးက ဖခင်ကို တမ်းတနေသလို တိုက်ပွဲအတွင်း အဖေဖြစ်သူ ဒဏ်ရာရ၍ ကျောင်းလာမတက်တော့သော သူငယ်ချင်းမလေး မသိမ့်သိမ့်ကို အတန်းဖော်သူငယ်ချင်းများက မျှော်နေကြ သည်။

မောင်ကံဝေဦး၏ ဖခင်မှာ မြန်မာ့တပ်မတော်မှ စစ်သားကြီး တစ်ဦးဖြစ်သည်။ မြန်မာ့တပ်မ တော်နှင့် KIA, MNDAA, TNLA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များ အကြား နိုဝင်ဘာတွင် ဖြစ်ပွား သော တိုက်ပွဲအတွင်း ရှမ်းပြည် နယ်မြောက်ပိုင်း တစ်နေရာ၌ မောင်ကံဝေဦး၏ ဖခင်စစ်သား ကြီး ကျဆုံးခဲ့သည်။ ထိုအချိန်ကစ၍ မောင်ကံဝေဦးတစ်ယောက် စာသင်ခန်းအတွင်း တက်ကြွရွှင်လန်းမှုမရှိတော့ဘဲ ငေးမှိုင်တွေ ဝေနေလေ့ရှိကြောင်း ၎င်း၏ အတန်းပိုင်ဆရာမကဆိုသည်။ ဒုတိယတန်းကျောင်းသူ မသိမ့်သိမ့်၏ ဖခင်သည်လည်း တပ်မတော်သား တစ်ဦးဖြစ်ကာ ရှမ်းမြောက်ဒေသ တိုက်ပွဲတွင်ပင် ဒဏ်ရာရခဲ့သည်။ အဖေ ဒဏ်ရာရပြီးနောက် မသိမ့်သိမ့်လည်း ကျောင်းလာမတက် တော့။ ထိုအခါ အတန်းဖော် သူငယ်ချင်းများက မသိမ့်သိမ့်ကို ကျောင်းပြန်တက်စေလိုကြောင်း ကလေးများ သဘာဝပူဆာနေကြ သည်။

မောင်ကံဝေဦးနှင့်မသိမ့်သိမ့် တို့သည် ကလေးသဘာဝ စာသင် ခန်းအတွင်း ပျော်ရွှင်စွာ စာသင်နေရင်း၊ သူငယ်ချင်းများနှင့် ဆော့ကစားနေရင်းပင် ပြည်တွင်းစစ်၏ ဆိုးကျိုးကို နဖူးတွေ့ဒူးတွေ့ရင် ဆိုင်လိုက်ရခြင်းဖြစ်သည်။ သူတို့နှစ်ဦးလိုပင် နိုင်ငံရေးဖြစ်စဉ်များကို စိုးစဉ်းမျှမသိဘဲ ကိုယ့်ဝမ်းကိုယ်ကျောင်း၊ ကိုယ့်ထမင်းကိုယ် ရှာစားရင်း ပြည်တွင်းစစ်ဒဏ် ခံစားနေရသူ သိန်းနှင့်ချီရှိနေသည်။ Myanmar Peace Center(MPC)  ၏ ၂၀၁၆ နှစ်ဆန်းက ထုတ်ပြန် ထားသော စစ်တမ်းတစ်ခုအရ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့် ခွာထွက်ပြေးနေရသူ စစ်ဘေးဒုက္ခ သည် ဦးရေခြောက်သိန်းငါးသောင်းကျော်ရှိနေသည်။ သက္ကရာဇ်များ တစ်နှစ်ပြီးတစ်နှစ်ပြောင်းသွားသော်လည်း ပြည်တွင်းစစ်က မရပ်သေးဘဲ လူမှုဘ၀များစွာကို ဒုက္ခပေးနေဆဲဖြစ်သည်။

‘‘ထမင်းဖြူကို ဟင်းမပါဘဲ စားနေတဲ့ ကလေးတစ်ဦးကိုကချင် လက်နက်ကိုင်အဖွဲ့ (KIO) ထိန်း ချုပ်နယ်မြေမှာရှိတဲ့ ဂျေယန်းစစ်  ဘေးဒုက္ခသည်စခန်းမှာ မြင်တွေ့ ရစဉ်က ငြိမ်းချမ်းရေးဟာ လူသား အားလုံးအတွက် အရေးပါဆုံး ဆိုတာ နားလည်ခံစားမိပါတယ်’’

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို သတင်းလိုက်ယူရင်းပြည်တွင်းစစ် က ပေးသော အနိဋ္ဌာရုံမြင်ကွင်းမျိုးစုံကို မြင်ခဲ့ဖူးသည့် သတင်း ထောက်တစ်ဦးက အထက်ပါအ တိုင်း ရင်ဖွင့်ပြောဆိုသည်။

သို့သော် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖြစ်ပွားနေသော တိုက်ပွဲများက အစိုးရသစ်လက် ထက်တွင် ပိုမိုဖြစ်ပွားလာနေပြီး စစ်ဘေးသင့်ပြည်သူများ၏ လူမှု ဘ၀ကို ဆိုးသထက်ဆိုးရွားနေစေ သည်။ လူထုက အင်တိုက်အား တိုက် ထောက်ခံမှုရှိသလို တိုင်း ရင်းသား ခေါင်းဆောင်များက လည်း အားကိုးခဲ့ကြသော နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်ရှာ ဖွေနေသော ငြိမ်းချမ်းရေးသည် လိုက်လေဝေးလေ အနေအထားဖြစ်နေသည်။ ပိုမိုဆိုးရွားလာသော တိုက်ပွဲများအပေါ် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ဖက်နှင့်တစ်ဖက် အပြစ်ဖို့နေကြသည်။

တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အချို့ လက်နက်ကိုင်ဆောင်သူချင်း ဖြစ် နေသော တိုက်ပွဲမှသည် KIA, MNDAA , TNLA ပူးပေါင်းလက် နက်ကိုင်အဖွဲ့များက အရပ်သား များနေထိုင်ရာပတ်ဝန်းကျင်ကို ဦး တည်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည်။ ပိုမိုပြင်းထန်လာသော တိုက်ပွဲများ အကြား လက်နက်မဲ့ အရပ်သား များ ကျီးလန့်စာစားဘ၀ရောက်ခဲ့ သည်။

လတ်တလောလည်း ဖြစ်ပွား နေဆဲ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် တိုက်ပွဲကြောင့် အရပ်သား ၂၀ ဦးထက်မနည်း သေဆုံး ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့သည်။ KIA, MNDAA, TNLA ပူးပေါင်းလက်နက်ကိုင်အဖွဲ့က အရပ်သားငါးဦးထက်မနည်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သေဆုံးသူ အရပ်သားများ၏ ကျန်ရစ်သူ မိသားစုဝင်များ အရူးမီးဝိုင်း ဖြစ်ခဲ့ရ သည်။ လတ်တလောအချိန်တွင် အစိုးရဆီမှ ထောက်ပံ့ကြေး အနည်းငယ်ရသည်မှလွဲ၍ ဆိုင်ရာ မိသားစုဝင်များသည် ပြည်တွင်း စစ်ကပေးသည့် နာကျင်မှုကို တစ် သက်စာ ခါးစည်းခံကြရတော့ သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းဖြစ်သော တိုက် ပွဲများကလည်း ၂၀၁၆ အတွင်း က ကြိုးအသစ် ကပြခဲ့သည်။ ထုံးစံအ တိုင်း ဓားစာခံဖြစ်ရသည်က လူထု ပင်။ ရှမ်းပြည်နယ် ဒေသအချို့ တွင် ရှမ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (RCSS)နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)ဖြစ် ပွားသော တိုက်ပွဲအတွင်း အရပ်သား ထောင်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးရသည်။ တိုင်းရင်းသားအချင်းချင်း တစ်ဖက်နှင့်တစ်ဖက် သံသယကြီးစိုးကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယခုလ (ဒီဇင်ဘာ) အတွင်းပင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲကြောင့် အရပ်သား သုံးထောင် ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်။ ရိတ်သိမ်းစသီးနှံ၊ထောင်းလက်စဆီဆုံ၊ ခြွေလှေ့နေဆဲ စပါးပုံများ ပစ်စလက်ခတ် ထားခဲ့ရသည်။ တင်းကုပ်ထဲနေသည့် ကျွဲ၊နွားများပင် တိုက်ပွဲအတွင်း မြေ စာပင်ဖြစ်ခဲ့ရသေးသည်။ တိုက်ပွဲနယ်မြေအတွင်း သေနတ်ကျည် ထိမှန်၍ ပုပ်ပွသေဆုံးနေသော ကျွဲ၊ နွားအချို့၏ ဓာတ်ပုံများက လူမှုကွန်ရက်ပေါ် လူပြောများစေ ခဲ့သည်။

မြန်မာနိုင်ငံ၏ အရှေ့တောင် ဘက်အရပ် ကရင်ပြည်နယ်ဘက် မှ တိုက်ပွဲများကလည်း လနှင့်ချီ ကြာခဲ့ကာ ဒေသခံလူထုကို ဒုက္ခ မျိုးစုံပေးခဲ့သည်။ မြန်မာ့တပ်မ တော်၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်ဖွဲ့ ပူးပေါင်းအဖွဲ့နှင့်ဒီ ကေဘီအေခွဲထွက်အဖွဲ့တို့ မဲသ ဝေါဒေသတွင် စက်တင်ဘာနှင့် အောက်တိုဘာအတွင်းက တိုက် ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆိုင်း မဆင့်ဗုံမဆင့် ဖြစ်ပွားသော တိုက် ပွဲများအတွင်း ဘေးလွတ်ရာ ထွက်ပြေးလာသောရွာလူကြီးတစ် ဦး လမ်းခုလတ်တွင် မိုင်းထိမှန် ကာ သေဆုံးခဲ့သည်။ သေမည်စိုး၍ တိုက်ပွဲနှင့်လွတ်ရာ ထွက်ပြေးခဲ့ သော်လည်း ပြေးရင်းသေဆုံးခဲ့ သောအခါ မိသားစုနှင့်ဆွေမျိုး သားချင်းများ ငိုပွဲဆင်ခဲ့ရသည်။ လက်နက်ကိုင်ထားသူတွေက တော့ ယုံကြည်ရာ အမှန်တရားအ တွက် တိုက်မြဲတိုက်ဆဲပင်။ လတ် တလောတွင်လည်း ကချင်ပြည် နယ်မနောမြေ၌ ခရစ္စမတ်နှင့် နှစ် သစ်ကူးကာလ ဖြစ်သည့်တိုင် လက်နက်ကြီး လက်နက်ငယ်တို့ ဖြင့် ပစ်ခတ်သံများ ဆူညံနေသည်။

တိုက်ပွဲများ တစ်နေ့တစ်မျိုး မရိုးအောင် ဖြစ်ပွားနေသော်လည်း နိုင်ငံကို ဦးဆောင်နေသူ နိုင်ငံ့ဦး သျှောင်များက ပြည်တွင်းစစ် ကြောင့် တိုင်းပြည်အထိနာခဲ့ရ သလို ငြိမ်းချမ်းရေးအမြန်ရှာဖွေရ မည်ဖြစ်ကြောင်း ပြောကြားကြ သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်က ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာအတွင်း မျိုးဆက် အလိုက် လူငယ်များ၏ အနာဂတ် ဆုံးရှုံးခဲ့ရပြီး ၀မ်းနည်းစရာကောင်း ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီဖြစ်သော ပြည် တွင်းစစ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများတွင်ကလေး အရွယ်မှ သက်ကြီးရွယ်အိုအထိ အရွယ်အမျိုးမျိုး ပါဝင်ပြီး အစိုးရ သစ်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်စေရေး အားကိုးတကြီး စောင့်မျှော်နေကြ ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ တွင် မိန့်ခွန်းပြောကြားခဲ့သည်။ လူထုအသည်းကျော် ဒေါ်အောင် ဆန်းစုကြည်က ခေတ်အဆက် ဆက် မအောင်မြင်ခဲ့သော ငြိမ်း ချမ်းရေး ဆွေးနွေးမှုသမိုင်းဖြစ်စဉ် များအပေါ် သင်ခန်းစာယူကာငြိမ်း ချမ်းရေးအတွက် သမိုင်းသစ်ကို စု ပေါင်း ရေးသားမည်ဖြစ်ကြောင်း သူ၏ဆန္ဒကို အလေးအနက်ထား ပြောကြားခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်တွင်းစစ်အတွင်း အသက်နှင့် ဘ၀များစွာ ပေးဆပ်နေရသူများ မှာ တပ်မတော်သားများနှင့် တိုင်း ရင်းသားလက်နက်ကိုင် ညီနောင် များပင်ဖြစ်ပြီး ထိုဖြစ်ရပ်များ နိဋ္ဌိတံအဆုံးသတ်ရန် လိုနေပြီဖြစ် ကြောင်း ၂၁ ရာစုပင်လုံညီလာခံ တွင် ပြောကြားခဲ့သည်။

သို့သော် အစိုးရသစ်လက် ထက် ပထမဆုံးပြုလုပ်သော ၂၁ ရာစုပင်လုံညီလာခံတွင်ပင် ညီ လာခံအတွင်း အဆင်မပြေမှုအချို့ ဖြစ်ပွားခဲ့သည်။ သဘောထားမ ကြီးမှုများကို အခြေခံသော နား လည်မှုလွဲခြင်းများကြောင့် ညီလာ ခံအဖွင့်မှာ ထင်သလောက်မလှခဲ့။ ခမ်းနားထည်ဝါလှသော ငြိမ်းချမ်း ရေးဆွေးနွေးသူတို့ သက်သောင့် သက်သာ နေထိုင်နိုင်သော ဆွေး နွေးပွဲခန်းမများနှင့်ဝေးရာ တောင် တန်းဒေသများမှ စစ်ဘေးသင့် ပြည်သူများမှာ ပို၍ဆိုးသော လူ နေမှုဘ၀များတွင်သာ ဆက်လက် ရုန်းကန်နေရသည်။

ခေတ်အဆက်ဆက် ရွေ့ လျားခဲ့ပြီ။ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့သည်။ သို့သော် နိုင်ငံ တော်သမ္မတ ဦးထင်ကျော် ပြော သလို ပြည်တွင်းစစ်ကြောင့် လူ ငယ်များ၏ အနာဂတ်ဆုံးရှုံးနေဆဲ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသ လို စစ်ပွဲ၏ သားကောင်များကငြိမ်း ချမ်းရေးဆွေးနွေးပွဲများအောင်မြင် စေရေး အားကိုးတကြီး မျှော်လင့် နေဆဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ပြောသလို တပ်မ တော်သားများနှင့် တိုင်းရင်းသား လက်နက်ကိုင် ညီနောင်သားချင်း တို့၏ ဘ၀များ ပြည်တွင်းစစ်အ တွင်း စတေးနေရဆဲ။ နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်သော ပြည် တွင်းစစ်က အစဉ်တစိုက် သက် သေပြခဲ့သလို စစ်ဘေးသင့်ပြည် သူလူထု၏ လူနေမှုဘ၀များ ဆိုး ရွားစွာ နိမ့်ကျနေဆဲပင်။

ကျဆုံးသူ ဖခင်စစ်သားကြီး က သားဖြစ်သူဘ၀ ကံကောင်း ခြင်းတို့ ဝေစည်စေရန် အတိတ် နိမိတ်အဖြစ် အမြတ်တနိုးပေး အပ်ခဲ့သော  ကံဝေဦးနာမည်ပိုင်ရှင် ကျောင်းသားလေးမှာ ပြည်တွင်း စစ်ကြောင့် လတ်တလော ကံဆိုး မိုးမှောင်ကျနေသည်။ ပြည်တွင်း စစ်အတွင်း ဖခင်ကို စတေးလိုက် ရပြီး အဖေမရှိ၍ မပျော်တော့ဟု ဆိုသူ မောင်ကံဝေဦးက အားငယ် နေသောမျက်နှာထားဖြင့် တီးတိုး စကားတစ်ခွန်းဆိုသည်။

‘‘အမေက သားလေး အားမ ငယ်နဲ့တဲ့။ အမေရှိတယ်တဲ့’’

မောင်ကံဝေဦးနှင့် တစ် ကျောင်းတည်းတက်သူ ပြည်တွင်း စစ်၏ ဓားစာခံနောက်တစ်ဦးဖြစ် သော မသိမ့်သိမ့်နှင့် ပတ်သက်၍ သူ၏ အတန်းပိုင်ဆရာမက

‘‘ကလေးလေး (သိမ့်သိမ့်) က ကျောင်းထွက်သွားပြီ’’ဟုဆို သည်။

Sources; 7Day News Journal


No comments:

Post a Comment