Latest News

Friday, December 23, 2016

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မီဒီယာများအား ရှင်းလင်းပြောကြားချက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မီဒီယာများအား ရှင်းလင်းပြောကြားချက်

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး နှစ်လကျော်အကြာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မီဒီယာများအား ရှင်းလင်းပြောကြားချက်


အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ် ပွားခဲ့ပြီး နှစ်လကျော်အကြာတွင် 7Day အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့ကို အစိုးရ အစီအစဉ်ဖြင့် မောင်တော ဒေသသို့ ဒီဇင်ဘာ ၂၀ ရက်ကစ၍ သုံးရက်ကြာ သွားရောက်သတင်း ရယူခွင့်ပေးခဲ့သည်။ ခရီးစဉ်အပြီး ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးထိန်လင်း ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မီဒီ ယာများ၏ မေးမြန်းမှုများကို စစ် တွေမြို့တွင် ရှင်းလင်းဖြေကြားခဲ့ သည်များအနက် ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီးထိန်လင်းက အကြမ်း ဖက်တိုက်ခိုက်မှုများနှင့်ပတ်သက် ၍ ကြိုတင်သတင်းရယူမှု အား နည်းခြင်းနှင့် ဆက်စပ်မေးမြန်းမှု ကို ရှင်းလင်းပြောကြားချက်
ကျွန်တော်လည်း ဒီမှာ ဆယ် နှစ်လောက်ရှိပါပြီ။ ပြီးတော့ဘူး သီးတောင် မောင်တောဒေသမှာ လည်း ဗျူဟာမှူးဘ၀နဲ့ နေခဲ့ တော့ အဲဒီအခြေအနေလေးတွေ လည်း သိထားပါတယ်။ များ သောအားဖြင့် ဘယ်လိုလဲဆို တော့ အဲဒီဒေသမှာ သူတို့ရဲ့ လူ ဦးရေပေါက်ဖွားတာက များလာ တာကို အခြေခံပြီး များလာတာရှိ တော့ တဖြည်းဖြည်းနဲ့ တိုင်းရင်း သားတွေက ထွက်ခွာလာတဲ့အ နေအထားတွေပေါ့။ ဒီအပေါ်မှာ ဘာဖြစ်သလဲဆိုတော့ သူတို့ဒေ သအလယ်မှာ လက်နက်ကိုင်အ ဖွဲ့အစည်းကလည်း တဖြည်းဖြည်း ၀င်ရောက်လာဖို့ အားနည်းလာ တယ်။ ဟိုတုန်းက နစက ရှိတယ်။ နောက် နယ်ခြားစောင့်ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက တော့ တာဝန်အရ ဒေသတွေမှာ ရှိတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းကတော့ သူတို့ထဲကို ၀င် ရောက်ဖို့ ခဲယဉ်းလာတယ်။


ဒါကြောင့်မို့ ခုနကပြောရရင် လက်နက်ကိုင်အဖွဲ့အစည်းကလွဲ ရင် ကျန်တဲ့ဌာနတွေက ရရှိနိုင်တဲ့ အချက်အလက်က တဖြည်းဖြည်း gap ဖြစ်လာတာကို တွေ့ရပါ တယ်။ အုပ်ချုပ်တဲ့အဖွဲ့အစည်း က ဒီထဲမှာ ဖွဲ့စည်းထားသော် လည်း အားကိုးရတဲ့အနေအထား ကို သူတို့ဆီက ပြန်မရဘူး။ ပြန်မ ရတဲ့အကြောင်းရင်းတွေကလည်း အများကြီးရှိပါတယ်။ သူတို့ဘက် ကလည်း လူမှုအသိုင်းအ၀ိုင်းထဲ မှာ နီးရာဓားကို ကြောက်နေရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အဲဒီ အပေါ်မှာ အခြေခံပြီးတော့မှ ကျွန် တော်တို့က သတင်းကွင်းဆက် လေးတွေ ပြတ်သွားတဲ့အနေအ ထားရှိပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း တင်မကပါဘူး။ ကျွန်တော်တို့မှာ ဌာနဆိုင်ရာ အ သီးသီးရဲ့ လိုအပ်ချက်လေးတွေ ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုရင် ပြီးပြည့်စုံတဲ့  လူနေမှုစနစ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတင် မကဘူး။ ကျန်တာတွေပါ ပူး ပေါင်းဆောင်ရွက်ဖို့ လိုတာဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဒီအပိုင်း လေးမှာ အားနည်းချက်တွေရှိပါ တယ်။

 ....ဘာပဲပြောပြော ကျွန်တော် တို့ဘက်ကိုပါအောင်၊ စိတ်ချရ အောင် မွေးယူရမှာဖြစ်ပါတယ်။ မွေးယူဖို့၊ ကျွန်တော်တို့ဘက်ကို ပါဖို့ဆို incentive (မက်လုံး) ပေး ရမယ့်အနေအထားတွေ ရှိပါ တယ်။ ဒါကိုလည်း ကျွန်တော်တို့ က ချိန်ဆနေပါတယ်။ အားနည်း ချက်၊ အားသာချက်ကတော့ နေ ရာတိုင်းမှာရှိနေမှာပဲ။ ဒီထဲကမှ ကျွန်တော်တို့က အကောင်းဆုံး ဖြစ်အောင်၊ အခြေအနေမှန်ဖြစ် အောင် လုပ်ရမှာ။ ဌာနဆိုင်ရာ အသီးသီးနှင့် ပိုပြီးတော့ ထိတွေ့ အောင် ဒါကြောင့်မို့ သတိထားမိ လားမသိဘူး။ အဲဒီဒေသ ခမောင်း ဆိပ်မှာ မြို့တည်မယ်။ ထို့အတူပဲ အောက်ဘက် မြင်းလွတ်မှာ မြို့ တည်မယ်။ ဘာကြောင့်တည်ရ လဲ၊ ဘယ်မှာမှ၊ ဘယ်သူမှ မရှိ ဘူး။ ဘင်္ဂါလီတောထဲမှာ ဘယ်သူ သွားနေမလဲ။ ကျွန်တော်တို့ ဌာန ဆိုင်ရာတွေရောက်ဖို့၊ ကျွန်တော် တို့ အုပ်ချုပ်မှုအာဏာ သက် ရောက်ဖို့ တည်မှာဖြစ်ပါတယ်။ ခမောင်းဆိပ်မှာ တည်ခြင်းအား ဖြင့် ဘာပဲပြောပြော ဌာနဆိုင်ရာ ၁၂ ခုလောက်တော့ ရောက်သွား မယ်။ သူ့ရဲ့ လုပ်ငန်းတွေလည်း လည်ပတ်သွားမယ်။

ပြောင်ဆိပ်ကျေးရွာ နေအိမ်အချို့ မီးလောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းချက်

အဲဒီဖြစ်စဉ်ကို ပြန်ကြည့်ရင် (တပ်မတော်နှင့် ရဲတပ်ဖွဲ့ နယ် မြေရှင်းလင်းမှု) ဒီဘက်ကရွာပေါ့။ ဘယ်ဘက်က တောင်ကုန်းလေး မှာ စဖြစ်တာ။ ရွာထဲမှာဖြစ်တာ မဟုတ်ပါဘူး။ နောက်တစ်ခုက တပ် တည်တာလည်း ဘယ်နေရာ မှာ တည်လဲဆိုတာ နေ့စဉ် ကျွန် တော်တို့က မေးရတာ လိမ်လို့မရ ဘူး တပ်တည်တာ။  ရွာထဲမှာ အ ခြေ ဘယ်တပ်မှ  မပြုပါဘူး။ ကျွန် တော်တို့က ရှင်း၊  ရှင်းပြီးရင် စိုးမိုး တဲ့ဧရိယာတွေထဲမှာပဲ နေရတာ ဖြစ်တယ်။ ရွာထဲမှာ အခြေပြုနေ တာမျိုးလည်းမရှိပါဘူး။ အဲဒီနေ ရာတွေကိုလည်း ကျွန်တော်တို့ ရောက်ခဲ့ပါတယ်။ သံအမတ်ကြီး တွေနဲ့ သွားတဲ့ ခရီးစဉ်မှာ ရောက် ခဲ့ပါတယ်။ ကိုဖီအာနန်ခရီးစဉ်မှာ လည်း ရောက်ခဲ့ပါတယ်။ ကျွန် တော်တို့လည်း မေးပါတယ်။ သူ တို့ကလည်း ဖြေပါတယ်။ တပ်က ရှို့လားဆိုတာ မပြောနိုင်ပါဘူး။ ရဲတပ်ဖွဲ့က ရှို့လားဆိုရင်လည်း မပြောနိုင်ပါဘူး။ တိုက်ပွဲဖြစ်တာ ဆိုတာကလည်း ရွာထဲမှာရှိလို့ သူ တို့ကနေ လှမ်းပစ်လည်း ကျွန် တော်တို့ဘက်ပါ ကျဆုံးခဲ့တာတွေ ရှိပါတယ်။ သေနတ်ပါသွားတာ ရှိတယ်။ လေးဦးကျဆုံးခဲ့တယ်။ တစ်ဦးက ဆေးရုံရောက်သွား တယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ တယ်ဆိုကတည်းက ရွာထဲမှာ အ ကြမ်းဖက်သမားတွေ ရှိနေမှာပါ။ ဘာပဲပြောပြော တပ်က ဖြစ်တဲ့ အချိန်မှာလည်း ဖြစ်ပြီးတာနဲ့ ည နေစောင်းသွားတဲ့အနေအထား မျိုး၊ ဒီလိုအချိန်မျိုးမှာလည်း စစ် ရဲ့ သဘောတရားအရ ဖြစ်နေတဲ့ အချိန်မှာ အထဲကို မ၀င်ပါဘူး။ ဖြစ်ပြီးတာနဲ့တစ်ပြိုင်နက် ညတွင်း ချင်း ကုန်းတွေပေါ်မှာ နေရာယူ ပြီး ဆောင်ရွက်ရတာတွေ ရှိပါ တယ်။ နောက်နေ့မှ သတင်းအရ ရှင်းလင်းရတာတွေ ရှိပါတယ်။ ဒါတွေလည်း တပ်ရဲ့ သဘောတ ရားတွေရှိပါတယ်။ ဒီအချိန်မှာ မီး ရှို့တယ်၊ မီးလောင်တယ်ဆိုတဲ့ ဖြစ်စဉ်တွေမှာ တပ်က ရှို့စရာ အ ကြောင်းမရှိပါဘူး။ ရွာတွေမှာ လည်း အခြေမပြုပါဘူး။ ဘယ် တပ်မှ။

နိုင်ငံသားစစ်ဆေးမှု  ခံယူနိုင်ရန် ထုတ်ပေးသည့်  အသိအမှတ်ပြုကတ်ပြား (NVC)  ဆောင်ရွက်နေသည့် အခြေအနေ

NVC ကတ်ကို လွန်ခဲ့တဲ့ ဇွန် လ ၆ ရက်နေ့က မြို့နယ်သုံးခုမှာ၊ ပုဏ္ဏားကျွန်းရယ်၊ ကျောက်ဖြူ ရယ်၊ မြေပုံရယ်မှာ ကနဦး ပရော ဂျက်အဖြစ် စတင်ဆောင်ရွက်ခဲ့ တာမှာ မြေပုံနဲ့ ကျောက်ဖြူက တော့ အဆင်ပြေပါတယ်။ ပုဏ္ဏား ကျွန်းကတော့ ကာဒီဆိုတဲ့ ကျေး ရွာမှာ သူတို့အနေနဲ့ လိုလိုချင်ချင် လုပ်ချင်တဲ့ အနေအထားမျိုးမရှိ ဘူး။ မရှိတဲ့အခါကျတော့ ဒီမြို့ နယ်ကို ချန်ထားပြီးတော့ ကျန်တဲ့ ခြောက်မြို့နယ်မှာ စစ်တွေအပါ အ၀င် ကွင်းဆင်းတယ်။ စည်းရုံး တယ်။ တကယ်တော့ ၀ှိုက်ကတ် ကို ပြန်အပ်နှံပြီးတဲ့အခါမှာ သူတို့ လက်ထဲမှာ ပြေစာလေးတွေပဲရှိ တယ်။ တချို့ကျတော့လည်း ပြန် မအပ်နိုင်ဘူး။ သူတို့လက်ထဲမှာ ခိုင်ခိုင်မာမာ ဘာတစ်ခုမှ မရှိပါ ဘူး။ မရှိတဲ့အတွက် ကျွန်တော်တို့ ဘက် အစိုးရလက်ထက်မှာ စတင် ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါက နိုင်ငံသားစိစစ်ရေး လုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့အ တွက် ပထမခြေလှမ်းပါ။ ပထမ ခြေလှမ်းက သူတို့ကို ဘယ်လို ထုတ်ပေးမလဲ၊ ကျွန်တော်တို့က အိမ်ထောင်စုဇယားအပေါ် အ ခြေခံပြီးမှ ပြုလုပ်ပေးရတာဖြစ် တယ်။ အဲဒီအပေါ်မှာ မြို့နယ် ခြောက်ခု ဆောင်ရွက်ခဲ့တယ်။ လက်ရှိအနေအထားမှာ ဘူးသီး တောင်နဲ့ မောင်တောမှာ ဒါတွေ ကတော့ ကျွန်တော်တို့ အစီအစဉ် တွေ ဆက်လက်ဆောင်ရွက်ဖို့ စီ စဉ်ထားပါတယ်။ စီစဉ်ထားပေ မယ့် လက်ရှိအနေအထားမှာ ဒီ ကတ်အပေါ်မှာ နည်းနည်းယုံ ကြည်မှုမရှိတာ သွားတွေ့ရတယ်။ မရှိတဲ့အကြောင်းရင်း ကျွန်တော် သွားတွေ့တာပေါ့။ ဒီ NVC ကတ် ထဲမှာ လူမျိုးနဲ့ ဘာသာ ထည့် သွင်းထားခြင်းမရှိဘူး။ အချိန်ကန့် သတ်ချက် ထည့်ထားခြင်းမရှိပါ ဘူး။ ၀ှိုက်ကတ်မှာတော့ အချိန် ထည့်ထားတယ်။ အချိန်မထည့် ရတဲ့အကြောင်းက အများကြီးရှိ ပါတယ်။ တစ်ယောက်နဲ့ တစ် ယောက် ကွဲလွဲမှုတွေ ပိုများမယ် ဆိုတဲ့ အခြေခံအပေါ်မှာ မထည့် တာ။ မထည့်တဲ့အပေါ်မှာ သူတို့ က စိုးရိမ်ကြတယ်။ လူမျိုးနဲ့ ဘာ သာ မပါဘူး။ နောက်တစ်ချိန် နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်ရင် ဘယ်လိုဖြစ်မလဲ စိုးရိမ်ကြတယ်။ နောက်တစ်ချက်ကလည်း ဘာလဲ ဆိုရင် တချို့မှာ သုံးခေါက်ချိုး ကတ်ရှိတယ်။ သုံးခေါက်ချိုးရှိနေ ရင် NVC ကတ် ထုတ်ဖို့လိုသလား။ ဒီလိုမျိုးလေးတွေ ဖြစ်ပေါ်လာ တယ်။ သုံးခေါက်ချိုးရှိတယ်။ ၀ှိုက်ကတ်တော့မဟုတ်ဘူး။ သုံး ခေါက်ချိုးရှိတဲ့လူက NVC ကတ် ထုတ်ဖို့လိုသလား။ ဒါမျိုးလေး တွေ ဖြစ်လာတယ်။ ဖြစ်ပေါ်လာ တဲ့အပေါ်မှာ NVC ကတ်သည် အ ရင်ဝှိုက်ကတ်လိုပဲ ဖြစ်မှာပဲ။ ဒါ မျိုးလေးတွေ ဒီကတ်အပေါ်မှာ ယုံ ကြည်မှုအားနည်းလာတယ်။ နောက်ဆုံးအခြေအနေက ဘာလဲ ဆိုရင် ရန်ကုန်မှာရှိတဲ့ အစ္စလာမ် အသင်းအဖွဲ့ကနေပြီးတော့မှ ကြေညာချက်လည်း ထုတ်ပြီး တော့မှ ဖေ့စ်ဘွတ်ခ်တွေမှာလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ သူတို့ သက်ဆိုင်ရာဌာနအ ကြီးအကဲတွေနဲ့တွေ့ပြီး ဆွေးနွေး သွားမယ်။ ဒီအပေါ် အခြေခံပြီး တော့မှ သူတို့ ပြန်ပြီး အကြောင်း ပြန်ပေးမယ်ဆိုတဲ့အချက်အပေါ် မှာလည်း သူတို့က လတ်တလော လုပ်ဆောင်မှုမရှိသေးတဲ့ သဘော ကို တွေ့ရပါတယ်။ ကျွန်တော်တို့ ကတော့ သူတို့လာလျှောက်ရင် လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ကျွန်တော်တို့ အပိုင်းကတော့ ရပ် တာလည်းမရှိဘူး၊ တားဆီးတာ လည်းမရှိဘူး။ သူတို့လာလျှောက် ရင် ချက်ချင်း ဆောင်ရွက်ပေးရမှာ ပါ။ ကျွန်တော်တို့ဘက်ကလည်း ခုနက အချက်တွေအပေါ် အခြေ ခံပြီးတော့မှ ဒီလုပ်ငန်းလေးပေါ် မှာ နည်းနည်းစောင့်နေတဲ့အနေ အထားမျိုးဖြစ်ပါတယ်..။ ဟု ရှင်းလင်းပြောကြားခဲ့သည်။


Sources ; 7 Day

No comments:

Post a Comment