Latest News

Friday, December 23, 2016

နှစ်သစ်မှာ ထူးထူးခြားခြားပြောင်းလဲမှု မရှိဘူးဆိုတဲ့ မိုးဟေကို

နှစ်သစ်မှာ ထူးထူးခြားခြားပြောင်းလဲမှု မရှိဘူးဆိုတဲ့ မိုးဟေကို

အရင်အတိုင်းပါပဲလို့ ဆိုပါတယ်။

မိခင်ကို ပြုစုပေးနေရတာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့ မိုးဟေကိုဟာ နှစ်သစ်မှာလည်း ထူးထူး ခြားခြား ပြောင်းလဲမှုတွေ ရှိသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အရင်အတိုင်းပဲ မိသားစု၊ သူငယ်ချင်းတွေနဲ့ပဲ ခရီးတွေ ထွက်ဖြစ်မှာလို့ သူမက ပြောပါတယ်။  ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး အရင်လို ဆက်တိုက် မရိုက်ဖြစ် တော့ပေမဲ့ ၂၀၁၆ခုနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ရှိသလို ၂၀၁၇ခုနှစ်ထဲမှာလည်း ရိုက်ကူးဖို့ စီစဉ်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ အပြင်စီးပွားရေးလေးတွေလည်း လုပ်နေသလို ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး သူမ ကြိုက်နှစ် သက်တဲ့ ဇာတ်လမ်းလေးတွေဆို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ မိသားစုကို အချိန်ပေးရင်း အနုပညာ အလုပ်လေးတွေ ကိုလည်း ပရိသတ်တွေအတွက် တတ်နိုင်သလောက်ကြိုးစားပြီး လုပ်သွားမယ်လို့ သိရပါတယ်။

မိုးဟေကိုဟာ " မိုး" ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားပြီး အဲဒီရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိပါတယ်။ ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ သူမပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ရှိသလို သူမ မပါထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါတယ်။ယခုနှစ်အတွင်းအကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ရေပန်းစားနေတဲ့ " ခိုးဆိုးလုနှိုက်" ရုပ်ရှင်ဇာတ်ကားဟာလည်း မိုးဟေကိုတည်ထောင်ထားတဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Source : Myanmar Celebrity : Duwun

Photo  : မိုးဟေကို Fan Page
 

No comments:

Post a Comment