Latest News

Wednesday, December 21, 2016

ကျွန်ုပ်တို့၏ နှလုံးသည်းပွတ်ပမာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

ကျွန်ုပ်တို့၏ နှလုံးသည်းပွတ်ပမာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ သည် (၆၉)နှစ်မြောက် အောင်ပွဲသဘင် ဖြစ်သည်။
မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ကာ လွပ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် က္ဘာ့ အလယ်တွင် ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

စစ်ပွဲသုံးကြိမ်

မြန်မာနိုင်ငံကို သိမ်းပိုက်ကျွန်ပြုရန် ရာစုနှစ်ချီ၍ မဟာ ဗျူဟာစီမံပြင်ဆင် ထားသော ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စစ်ပွဲကြီးသုံးကြိမ် ခင်း ကျင်းတိုက်ခိုက်ပြီး မတရားကျူးကျော်သိမ်း ပိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့လက်အောက်ကျွန်ဘဝသို့ လုံးဝကျရောက်ခဲ့ရသည်။ ခေတ်ကာလ အပိုင်းအခြားဖြင့် ဆိုသော် ကုန်းဘောင်ခေတ် မြန်မာဘုရင်သီပေါမင်း လက် ထက်တွင်ဖြစ်သည်။ ပထမစစ်ပွဲအပြီးမှသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့် ကာလအထိ နှစ်ပေါင်း ၁၂၄ နှစ် ကျွန်ဘဝ တွင် နေခဲ့ရသည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံနှင့် ဆုံးရှုံးသွားသော လွတ်လပ် ရေးကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းအားထုတ်ရပုံတို့ကို ပြန်လည်စူးစမ်းလေ့လာကြည့်ပါက အထွေထွေအားနည်းချက်၊ ချွတ်ယွင်းချက်များကြောင့် လွတ်လပ်ရေးသည် တစ်ခဏတာ ကာလရက်သတ္တပတ်အတွင်း ဆုံးရှုံးသွားခဲ့ရသည်ကို ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူခဲ့သည့် မြင်ကွင်းက သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် လွတ်လပ်ရေးဆုံးရှုံးရမှုသည် အလွယ် တကူဖြင့် ဆုံးရှုံးသွားနိုင်သော်လည်း ထိုဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်း ရသည်မှာ နှစ်ပေါင်းတစ်ရာကျော်။ အလွန်တရာ ခက်ခဲပင်ပန်း၍ အသက်သွေးချွေးမြောက်မြားစွာ ပေးဆပ်ရယူခဲ့ရသည်ဆိုသည်ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မမေ့အပ်ပေ။

တန်ဖိုးမဖြတ်နိုင်သောအောင်ပန်း

'' လွတ်လပ်ရေးဆိုသည်မှာ စွန့်စားကြိုးပမ်း၍ ဆွတ်ခူးရယူရမည့် အောင်ပန်းဖြစ်သည်''ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတိုင်း မြန်မာနိုင်ငံ၏ လွတ်လပ် ရေးသည် စွန့်စားကြိုးပမ်း၍ ဆွတ်ခူးရယူခဲ့ရသော တန်ဖိုးမဖြတ်နိုင်သည့် အောင်ပန်းဖြစ်သည်။

ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များသည် မိမိတို့၏ သားစဉ်မြေးဆက် တစ်လျှောက် သူ့ကျွန်ဘဝ နွံမနစ်ရလေအောင် အသက်သွေးချွေးများ တောင်ပုံရာပုံ မြောက်မြားစွာ စတေးပြီး က္ဘာ့ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဟူ၍ က္ဘာတည်သရွေ့ဝင့်ဝင့်ထည်ထည် ရပ်တည်နေနိုင်အောင် ဘိုးဘွားတို့ အရယူပေး ခဲ့ သော လွတ်လပ်ရေးနှင့် နိုင်ငံတော်၏ အသက် သွေးကြောပမာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင် ရေးအာဏာဟု ဆိုအပ်သော အချုပ်အခြာ အာဏာသုံးရပ်တို့ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ မိမိတို့၏ နှလုံးသည်းပွတ်ပမာ တန်ဖိုးထားကာ ကျွန်ုပ်တို့ခေတ်တွင်သာမက မည်သည့်အခါမျှ လက်လွှတ်ဆုံးရှုံး မသွား ရအောင် သမိုင်း အစဉ်အလာကောင်းခဲ့သည့် မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြက်မှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထာဝရမဏ္ဍိုင်အဖြစ်ထားရှိကာ စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သွားကြရပေမည်။ဤ တာဝန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ မွေးရာပါ တာဝန်ဖြစ်သည်။

နွားကွဲလျှင်ကျားဆွဲမည်

မြန်မာနိုင်ငံ၏ အမျိုးသား လွတ်မြောက်ရေး သမိုင်းစဉ် တစ်လျှောက်လုံးတွင် ကျွန်ုပ်တို့ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် အမိမြေအတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်း မော်ကွန်းအထင်အရှားရှိခဲ့သည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန် မှာလည်း ကျွန်ုပ်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး စည်းလုံးညီညွတ်နေရန် လိုအပ်သည်။

ကျွန်ုပ်တို့အချင်းချင်း မညီမညွတ်ဘဲ အကွဲကွဲ အပြားပြား ဖြစ်နေမည်ဆိုပါက နွားကွဲလျှင်ကျား ဆွဲမည် ဆိုစကားအတိုင်း ကျားဆွဲခံရပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တိုင်းတစ်ပါးသားတို့ထံ ပြန်ရောက်ဆုံးရှုံးကာ သူ့ကျွန်ဘဝပြန်ရောက်သွားမည်မှာ မလွဲဧကန်အမှန်ပင်ဖြစ်သည်။ တိုင်းပြည်၏ အသက်သွေး ကြောဖြစ်သည့် အချုပ် အခြာ အာဏာသုံးရပ်သည် မိမိနိုင်ငံသား၊ မိမိလူမျိုးများ၏ လက်တွင်းမှာပင် ရှိနေရမည်။ မည်သည့် တိုင်းတစ်ပါးသား တို့၏လက်ထဲ ကိုမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မထည့်ထားရ။ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို သူတစ်ပါးက တစ်နည်းနည်းဖြင့် သြဇာလွှမ်းမိုးနေပြီဆိုပါက ဤကိစ္စ သည် ကိုလိုနီ လက်သစ်ဝါဒအရ သွယ်ဝိုက်သော နည်းဖြင့် ကျွန်ပြု ခြင်းခံနေရပြီဟု မှတ်ရပေမည်။ ဤသို့ဆိုက လွတ်လပ်ရေးဆိုသည်မှာ အရေခြုံ အမည်ခံသာဖြစ်ပြီး ထိုနိုင်ငံမှ အစိုးရသည်လည်း (Pupet Government) ရုပ်သေးအစိုးရသာ ဖြစ်ပြီး နိုင်ငံအနေဖြင့်လည်း (Mandate State) သြဇာခံနိုင်ငံသာ ဖြစ်နေပေမည်။ ထိုသို့မဖြစ်စေရေး သတိထား ရှောင်ရှားကြရပေမည်။

ထာဝရပန်းတိုင်

ယခုမျက်မှောက်ကာလတွင် ခေတ် အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့သော ကျွန်ုပ်တို့၏ နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်လာစေရန်ထာဝရပန်းတိုင် အဖြစ်ထားရှိ ဆောင်ရွက်အကောင်အထည်ဖော်နေသော အချိန်အခါဖြစ်သည်။ ထိုရည်မှန်းချက်ပန်းတိုင် ကြီးသို့ ရောက်ရှိအောင် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ကြီး ထာဝရတည်ငြိမ် အေးချမ်းမှုရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အများအသိပင် ဖြစ်သည်။ ထိုလုပ်ငန်းများ မအောင်မြင်အောင်၊ နှောင့်နှေး ကြန့်ကြာအောင် အနှောင့်အယှက်ပေးနေ သည်များနှင့် အယူအဆကွဲပြားခြားနားမှုအချို့ ကျန်ရှိနေသေးရာ ¤င်းတို့ကို နားလည်မှု၊ စိတ်ရှည်သည်းခံမှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ စည်းလုံး ညီညွတ်မှုတို့ဖြင့် ဆက်လက်ဖော်ဆောင်နေဆဲဖြစ်သည်။ ထိုလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအနေဖြင့် လက်တွဲညီညီ စိတ်တူကိုယ်တူဖြင့် အယူအဆ ကွဲပြားမှုများ ဖယ်ရှားကာ ဝိုင်းဝန်းပါဝင် ကူညီပံ့ပိုး ဖော်ဆောင် ပေးရန် လိုပေသည်။ ထိုသို့ဆိုပါက အလှမ်းမဝေးတော့သော အနာဂတ်တွင် အောင်မြင်မှုများရရှိကာ ထာဝရငြိမ်းချမ်းရေး အလင်းရောင် အောက်သို့ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ် ပေသည်။

ညှိနှိုင်းဖြေရှင်းအဖြေရှာ

ကျွန်ုပ်တို့နိုင်ငံသည် ရာစုနှစ်တစ်ဝက်ကျော် မငြိမ်းချမ်းဘဲ လက်နက်ကိုင်ပဋိပက္ခများ၊ ဘေးဒုက္ခများကို တိုင်းရင်းသား ပြည်သူများ ခံစားခဲ့ကြရသည်။ ခံစားနေရဆဲလည်းဖြစ်သည်။ ထို့ကြောင့် အောင်မြင်သောငြိမ်းချမ်းရေးဆီ တက်လှမ်းကြပြီး တူညီမျှတမှုများကို ပေါင်းစပ်ကာ ဒုက္ခအပေါင်းမှ ကင်းဝေး အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် သမိုင်းကြောင်း၊ အခြေခံများမှ ဖြစ်တည်လာကြသည်ဖြစ်၍ စိတ်ရှည်သည်းခံမှု၊ ယုံကြည်မှု၊ နားလည်မှုများကို မဖြစ်မနေ တည်ဆောက် ပေးကြ ရမည်ဖြစ်သည်။ အားလုံးတန်းတူရည်တူ အခြေခံမူဘောင်တွင် ညှိနှိုင်းဖြေရှင်းအဖြေရှာခြင်းဖြင့် လိုလားသော ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ပဋိပက္ခများကို ဖယ်ရှားပြီး အေးငြိမ်းချမ်းသာသောနည်းဖြင့် အဖြေရှာကြဖို့ပင်ဖြစ်သည်။ ဖြစ်ခဲ့ပြီးသည့် ဆိုးမွေများ၊ အတိတ်သမိုင်းကြောင်းများကို ဖော်ထုတ် သင်ခန်းစာယူပြီး ကျဉ်းမြောင်းသော လူမျိုးရေး အမြင်များ၊ အာဃာတများ၊ ကိုယ်ကျိုးစီးပွားများကို လျှော့ချ ကြရမည်ဖြစ်သည်။ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲများကို လျှော့ချကြရမည်ဖြစ်သည်။ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ မတူကွဲပြားမှုများအား ပြည်ထောင်စု စိတ်ဓာတ် အပေါ်တွင် အခြေခံတည်ဆောက်ကာ ညီညီ ညွတ်ညွတ် ပူးပေါင်းလက်တွဲသွားကြမည်ဆိုလျှင် အောင်မြင်မှုကို မလွဲမသွေရရှိမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးစွမ်းအားစုကြီး

ဤသို့ဖြင့် ထာဝရငြိမ်းချမ်းရေးရရှိကာ တစ်နိုင်ငံ လုံးတည်ငြိမ်အေးချမ်းလာပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ဇောက်ချ လုပ်ကိုင်နိုင်မည်။ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လျှင် တစ်ခုတည်းသော နိုင်ငံတော် ကာကွယ် ရေး စွမ်းအားစုကြီးဖြစ်တည် ပေါ်ပေါက်လာမည်ဖြစ်ရာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို အင်အားပြည့် စွမ်းအားများဖြင့် ကာကွယ်စောင့်ရှောက်ထိန်း သိမ်းသွားနိုင် ကြမည်ဖြစ်ပါကြောင်း ယခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲကြီးကို ဂုဏ်ပြုကြိုဆိုလိုက်ရပေသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့သည် (၆၉)နှစ်မြောက် အောင်ပွဲသဘင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ကာ လွပ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် က္ဘာ့ အလယ်တွင် ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

စစ်ပွဲသုံးကြိမ်

မြန်မာနိုင်ငံကို သိမ်းပိုက်ကျွန်ပြုရန် ရာစုနှစ်ချီ၍ မဟာ ဗျူဟာစီမံပြင်ဆင် ထားသော ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စစ်ပွဲကြီးသုံးကြိမ် ခင်း ကျင်းတိုက်ခိုက်ပြီး မတရားကျူးကျော်သိမ်း ပိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့လက်အောက်ကျွန်ဘဝသို့ လုံးဝကျရောက်ခဲ့ရသည်။ ခေတ်ကာလ အပိုင်းအခြားဖြင့် ဆိုသော် ကုန်းဘောင်ခေတ် မြန်မာဘုရင်သီပေါမင်း လက် ထက်တွင်ဖြစ်သည်။ ပထမစစ်ပွဲအပြီးမှသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့် ကာလအထိ နှစ်ပေါင်း ၁၂၄ နှစ် ကျွန်ဘဝ တွင် နေခဲ့ရသည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံနှင့် ဆုံးရှုံးသွားသော လွတ်လပ် ရေးကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းအားထုတ်ရပုံတို့ကို ပြန်လည်စူးစမ်းလေ့လာကြည့်ပါက အထွေထွေအားနည်းချက်၊ ချွတ်ယွင်းချက်များကြောင့် လွတ်လပ်ရေးသည် တစ်ခဏတာ ကာလရက်သတ္တပတ်အတွင်း ဆုံးရှုံးသွားခဲ့ရသည်ကို ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူခဲ့သည့် မြင်ကွင်းက သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် လွတ်လပ်ရေးဆုံးရှုံးရမှုသည် အလွယ် တကူဖြင့် ဆုံးရှုံးသွားနိုင်သော်လည်း ထိုဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်း ရသည်မှာ နှစ်ပေါင်းတစ်ရာကျော်။ အလွန်တရာ ခက်ခဲပင်ပန်း၍ အသက်သွေးချွေးမြောက်မြားစွာ ပေးဆပ်ရယူခဲ့ရသည်ဆိုသည်ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မမေ့အပ်ပေ။

တန်ဖိုးမဖြတ်နိုင်သောအောင်ပန်း

'' လွတ်လပ်ရေးဆိုသည်မှာ စွန့်စားကြိုးပမ်း၍ ဆွတ်ခူးရယူရမည့် အောင်ပန်းဖြစ်သည်''ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတိုင်း မြန်မာနိုင်ငံ၏ လွတ်လပ် ရေးသည် စွန့်စားကြိုးပမ်း၍ ဆွတ်ခူးရယူခဲ့ရသော တန်ဖိုးမဖြတ်နိုင်သည့် အောင်ပန်းဖြစ်သည်။

ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များသည် မိမိတို့၏ သားစဉ်မြေးဆက် တစ်လျှောက် သူ့ကျွန်ဘဝ နွံမနစ်ရလေအောင် အသက်သွေးချွေးများ တောင်ပုံရာပုံ မြောက်မြားစွာ စတေးပြီး ကမ္ဘာ့ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဟူ၍ က္ဘာတည်သရွေ့ဝင့်ဝင့် ထည်ထည် ရပ်တည်နေနိုင်အောင် ဘိုးဘွားတို့ အရယူပေးခဲ့ သော လွတ်လပ်ရေးနှင့် နိုင်ငံတော်၏ အသက် သွေးကြောပမာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင် ရေးအာဏာဟု ဆိုအပ်သော အချုပ်အခြာ အာဏာသုံးရပ်တို့ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ မိမိတို့၏ နှလုံးသည်းပွတ်ပမာ တန်ဖိုးထားကာ ကျွန်ုပ်တို့ခေတ်တွင်သာမက မည်သည့်အခါမျှ လက်လွှတ်ဆုံးရှုံး မသွား ရအောင် သမိုင်း အစဉ်အလာကောင်းခဲ့သည့် မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြက်မှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထာဝရမဏ္ဍိုင်အဖြစ်ထားရှိကာ စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သွားကြရပေမည်။ဤ တာဝန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ မွေးရာပါ တာဝန်ဖြစ်သည်။

နွားကွဲလျှင်ကျားဆွဲမည်

မြန်မာနိုင်ငံ၏ အမျိုးသား လွတ်မြောက်ရေး သမိုင်းစဉ် တစ်လျှောက်လုံးတွင် ကျွန်ုပ်တို့ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် အမိမြေအတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်း မော်ကွန်းအထင်အရှားရှိခဲ့သည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန် မှာလည်း ကျွန်ုပ်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး စည်းလုံးညီညွတ်နေရန် လိုအပ်သည်။

ကျွန်ုပ်တို့အချင်းချင်း မညီမညွတ်ဘဲ အကွဲကွဲ အပြားပြား ဖြစ်နေမည်ဆိုပါက နွားကွဲလျှင်ကျား ဆွဲမည် ဆိုစကားအတိုင်း ကျားဆွဲခံရပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တိုင်းတစ်ပါးသားတို့ထံ ပြန်ရောက်ဆုံးရှုံးကာ သူ့ကျွန်ဘဝပြန်ရောက်သွားမည်မှာ မလွဲဧကန်အမှန်ပင်ဖြစ်သည်။ တိုင်းပြည်၏ အသက်သွေး ကြောဖြစ်သည့် အချုပ် အခြာ အာဏာသုံးရပ်သည် မိမိနိုင်ငံသား၊ မိမိလူမျိုးများ၏ လက်တွင်းမှာပင် ရှိနေရမည်။ မည်သည့် တိုင်းတစ်ပါးသား တို့၏လက်ထဲ ကိုမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မထည့်ထားရ။ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို သူတစ်ပါးက တစ်နည်းနည်းဖြင့် သြဇာလွှမ်းမိုးနေပြီဆိုပါက ဤကိစ္စ သည် ကိုလိုနီ လက်သစ်ဝါဒအရ သွယ်ဝိုက်သော နည်းဖြင့် ကျွန်ပြု ခြင်းခံနေရပြီဟု မှတ်ရပေမည်။ ဤသို့ဆိုက လွတ်လပ်ရေးဆိုသည်မှာ အရေခြုံ အမည်ခံသာဖြစ်ပြီး ထိုနိုင်ငံမှ အစိုးရသည်လည်း (Pupet Government) ရုပ်သေးအစိုးရသာ ဖြစ်ပြီး နိုင်ငံအနေဖြင့်လည်း (Mandate State) သြဇာခံနိုင်ငံသာ ဖြစ်နေပေမည်။ ထိုသို့မဖြစ်စေရေး သတိထား ရှောင်ရှားကြရပေမည်။

ထာဝရပန်းတိုင်

ယခုမျက်မှောက်ကာလတွင် ခေတ် အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့သော ကျွန်ုပ်တို့၏ နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်လာစေရန်ထာဝရပန်းတိုင် အဖြစ်ထားရှိ ဆောင်ရွက်အကောင်အ ထည်ဖော်နေသော အချိန်အခါဖြစ်သည်။ ထိုရည်မှန်းချက်ပန်းတိုင် ကြီးသို့ ရောက်ရှိအောင် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ကြီး ထာဝရတည်ငြိမ် အေးချမ်းမှုရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အများအသိပင် ဖြစ်သည်။ ထိုလုပ်ငန်းများ မအောင်မြင်အောင်၊ နှောင့်နှေး ကြန့်ကြာအောင် အနှောင့်အယှက်ပေးနေသည်များနှင့် အယူအဆကွဲပြားခြားနားမှုအချို့ ကျန်ရှိနေသေးရာ ¤င်းတို့ကို နားလည်မှု၊ စိတ်ရှည်သည်းခံမှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ စည်းလုံး ညီညွတ်မှုတို့ဖြင့် ဆက်လက်ဖော်ဆောင်နေဆဲဖြစ်သည်။ ထိုလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအနေဖြင့် လက်တွဲညီညီ စိတ်တူကိုယ်တူဖြင့် အယူအဆ ကွဲပြားမှုများ ဖယ်ရှားကာ ဝိုင်းဝန်းပါဝင် ကူညီပံ့ပိုး ဖော်ဆောင် ပေးရန် လိုပေသည်။ ထိုသို့ဆိုပါက အလှမ်းမဝေးတော့သော အနာဂတ်တွင် အောင်မြင်မှုများရရှိကာ ထာဝရငြိမ်းချမ်းရေး အလင်းရောင် အောက်သို့ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ် ပေသည်။

ညှိနှိုင်းဖြေရှင်းအဖြေရှာ

ကျွန်ုပ်တို့နိုင်ငံသည် ရာစုနှစ်တစ်ဝက်ကျော် မငြိမ်းချမ်းဘဲ လက်နက်ကိုင် ပဋိပက္ခများ၊ ဘေးဒုက္ခများကို တိုင်းရင်းသား ပြည်သူများ ခံစားခဲ့ကြရသည်။ ခံစားနေရဆဲလည်းဖြစ်သည်။ ထို့ကြောင့် အောင်မြင်သောငြိမ်းချမ်းရေးဆီ တက်လှမ်းကြပြီး တူညီမျှတမှုများကို ပေါင်းစပ်ကာ ဒုက္ခအပေါင်းမှ ကင်းဝေး အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် သည်။ မြန်မာနိုင်ငံ တွင် မတူကွဲပြားသည့် သမိုင်းကြောင်း၊ အခြေခံများမှ ဖြစ်တည်လာကြ သည်ဖြစ်၍ စိတ်ရှည်သည်းခံမှု၊ ယုံကြည်မှု၊ နားလည်မှုများကို မဖြစ်မနေ တည်ဆောက် ပေးကြ ရမည်ဖြစ်သည်။ အားလုံးတန်းတူရည်တူ အခြေခံမူဘောင် တွင် ညှိနှိုင်းဖြေရှင်းအဖြေရှာခြင်းဖြင့် လိုလားသော ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ပဋိပက္ခများကို ဖယ်ရှားပြီး အေးငြိမ်းချမ်းသာသော နည်းဖြင့် အဖြေရှာကြဖို့ပင်ဖြစ်သည်။ ဖြစ်ခဲ့ပြီးသည့် ဆိုးမွေများ၊ အတိတ်သမိုင်းကြောင်းများကို ဖော်ထုတ် သင်ခန်းစာယူပြီး ကျဉ်းမြောင်းသော လူမျိုးရေး အမြင်များ၊ အာဃာတများ၊ ကိုယ်ကျိုးစီးပွားများကို လျှော့ချ ကြရမည်ဖြစ်သည်။ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲများကို လျှော့ချကြရမည်ဖြစ်သည်။ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ မတူကွဲပြားမှုများအား ပြည်ထောင်စု စိတ်ဓာတ် အပေါ်တွင် အခြေခံတည်ဆောက်ကာ ညီညီ ညွတ်ညွတ် ပူးပေါင်းလက်တွဲသွားကြမည်ဆိုလျှင် အောင်မြင်မှုကို မလွဲမသွေရရှိမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးစွမ်းအားစုကြီး

ဤသို့ဖြင့် ထာဝရငြိမ်းချမ်းရေးရရှိကာ တစ်နိုင်ငံ လုံးတည်ငြိမ်အေးချမ်းလာပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ဇောက်ချ လုပ်ကိုင်နိုင်မည်။ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လျှင် တစ်ခုတည်းသော နိုင်ငံတော် ကာကွယ် ရေး စွမ်းအားစုကြီးဖြစ်တည် ပေါ်ပေါက်လာမည်ဖြစ်ရာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို အင်အားပြည့် စွမ်းအားများဖြင့် ကာကွယ်စောင့်ရှောက်ထိန်း သိမ်းသွားနိုင် ကြမည်ဖြစ်ပါကြောင်း ယခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲကြီးကို ဂုဏ်ပြုကြိုဆိုလိုက်ရပေသည်။

ဦးအောင်(ရွှေပေါက်ကံ)ပြန်/ဆက်

No comments:

Post a Comment