Latest News

Wednesday, December 28, 2016

‘‘ထိရောက်တဲ့ အရေးယူမှုမရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကို ပြည်သူတွေက ပြန်လည်စောင့်ရှောက်တာက တရားမျှတမှုရှိတယ်လို့ ထင်ပါတယ်’’



‘‘ထိရောက်တဲ့ အရေးယူမှုမရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကို ပြည်သူတွေက ပြန်လည်စောင့်ရှောက်တာက တရားမျှတမှုရှိတယ်လို့ ထင်ပါတယ်’’

‘လူပါးဝဘတ်စ်များ ရပ်’ ဟူသည့် အမည်ဖြင့် လှုပ်ရှားနေသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းများမှ ရမ်းကားဆိုးသွမ်းသည့် ယာဉ်နောက်လိုက်နှင့်ယာဉ်မောင်းအချို့က ခရီးသည်များအား ထိုးကြိတ်ရိုက်နှက်သည့် ဖြစ်စဉ်များ လူမှုကွန်ရက်တွင် ဆက်တိုက်ဆိုသလို ပျံ့နှံ့ခဲ့ပြီး မကြာမီမှာပင်  ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ‘‘လူပါးဝဘတ်စ်များရပ်’’ဟူသည့် Group တစ်ခု ပေါ်ထွက်လာခဲ့ သည်။

အဆိုပါGroup တွင် တဖြည်းဖြည်းဝင်ရောက်ဆက်သွယ်မှုများ လာပြီးနောက်ပိုင်းတွင် ရမ်းကား သည့် ယာဉ်နောက်လိုက်နှင့်ယာဉ် မောင်းများအား လက်တုံ့ပြန်တိုက် ခိုက်ရန် စီစဉ်မည့်အကြောင်းအ ရာများတွေ့ရပြီး ပြီးခဲ့သည့် ဒီဇင် ဘာ ၁၆ ရက်တွင်မူ ခရီးသည် တစ်ဦးအား ရမ်းကားခဲ့သည့် ၂၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် နှင့် ယာဉ်မောင်းကို ထိုးကြိတ် လက်တုံ့ပြန်သည့် ဗီဒီယိုဖိုင်တစ် ခုတက်လာခဲ့သည်။

အစိုးရက ရမ်းကားသည့် ယာဉ်မောင်းများအား အရေးယူ နေသည်ဆိုသော်လည်း ယခုအခါ တွင်မူ မခံရပ်နိုင်သည့်လူများက လက်တုံ့ပြန်  တိုက်ခိုက်သည့်အ ခြေအနေများသို့ ဦးတည်လျက်ရှိ သည်။ ယခုကဲ့သို့ လက်တုံ့ပြန်မှု များနှင့်ပတ်သက်၍ ဝိုင်းဝန်းအား ပေးထောက်ခံသည့်အခြေအနေ များရှိသကဲ့သို့  ဥပဒေပြင်ပမှ လက်တုံ့ပြန်သည်အခြေအနေမျိုး ကိုလည်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။ လက်ရှိတွင်မူ အဆို ပါဖေ့စ်ဘွတ်ခ် Group တွင် လူပေါင်းသုံးသောင်းခန့်   Member အဖြစ် ရှိနေပြီး ယခုရက်ပိုင်းအ တွင်း ရမ်းကားသည့်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား ထိန်းကျောင်းလက်တုံ့ပြန်မည့်အ  စီအစဉ်အချို့လည်း တွေ့နေရ သည်။ အစိုးရအဖွဲ့အနေဖြင့် နှစ် ဖက်လုံး၏ လက်ရှိအခြေအနေ အား နိုင်နင်းသည့် ထိန်းကျောင်းမှု မျိုး မတွေ့ရသေးပေ။ အဆိုပါဖြစ် စဉ်များနှင့်ပတ်သက်၍ လက်ရှိ ဖွဲ့စည်းထားသည့် ‘‘လူပါးဝ ဘတ်စ်များရပ်’’ဟူသည့်အဖွဲ့မှ ကိုယ်စားပြုသူတစ်ဦးအား ဆက် သွယ်မေးမြန်းထားသည်များထဲမှ အချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါ သည်။

လူပါးဝဘတ်စ်များရပ် ဆိုတဲ့အဖွဲ့ ကို ဘယ်တုန်းက စဖွဲ့ဖြစ်တာလဲ။ ကျွန်တော်တို့ ၁၀ လပိုင်း လောက်ကနေစပြီး ဒီအဖွဲ့လေး ကို ဖွဲ့ဖြစ်သွားတာပါ။
ဘယ်လိုကြောင့် ဒီလိုမျိုးအဖွဲ့ ဖွဲ့ ဖြစ်သွားတာလဲ။

ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ခရီး သွားပြည်သူတွေနဲ့ ဘတ်စ်ကား သမားတွေ အချေအတင်စကား များကြတယ်။ ဒီလိုဖြစ်လာရင် ကားပေါ်က အုပ်စုများတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်နှစ် ယောက်သုံးယောက်က အနိုင် ကျင့်စော်ကားရိုက်နှက်ကြတယ်။ ဒီလိုဖြစ်စဉ်တွေကို အွန်လိုင်းပေါ် တွေမှာ တွေ့လာရတာတွေများ လာတယ်။ ဒီလိုဖြစ်စဉ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လည်း ထိထိရောက်ရောက်အရေး ယူတာတွေမရှိဘူးဗျ။ အရေးယူမှု တွေကလည်း မရှိသလောက်ကို အားနည်းတယ်။ ဖုန်းနဲ့ဆက်ပြီး တိုင်လည်း ထူးထူးခြားခြားအရေး ယူတာတွေမရှိဘူး။ ဒါကြောင့် ရိုင်းရိုင်းပျပျဆက်ဆံတဲ့မော်တော် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တွေကို ဆုံးမမှဖြစ်မယ်ဆိုပြီး အွန် လိုင်းပေါ်မှာ လူစုမိတာပါ။

လက်ရှိအချိန်ထိ အစ်ကိုတို့စုမိတဲ့ လူအင်အားဘယ်လောက်ရှိပါသ လဲ။
ကျွန်တော်တို့က အဖွဲ့အ စည်းတစ်ခုအနေနဲ့ လုပ်ထားတာ တော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ပါဝင်လို့ရအောင် လုပ်ထားတာ ပါ။ ပါဝင်ချင်တဲ့သူတွေမှာလည်း အားတဲ့သူ၊ အဆင်ပြေမယ့်သူ ချိတ်ဆက်ပြီး ဆောင်ရွက်တာပါ။ ဒီအတွက် အရေအတွက်အတိ အကျတော့ ကျွန်တော်တို့မှာမရှိ ပါဘူး။ ဖြစ်စဉ်တစ်ခုဖြစ်လာရင် ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တယ်။ ပါဝင်ချင်တဲ့ သူရှိရင် ဖိတ်ခေါ် တယ်လေ။ စုပြီးမှ သွားတာပါ။

၂၃၆ ယာဉ်လိုင်းကားသမားတွေ ကို လက်တုံ့ပြန်ခဲ့မှုနဲ့ ပတ်သက် ပြီး တကယ်ကျူးလွန်သူဟုတ်၊ မဟုတ် ဘယ်လိုစိစစ်ပါသလဲ။
ဖြစ်စဉ်တစ်ခုဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကြီး   သွားလုပ်တာမ ဟုတ်ပါဘူး။ ဓာတ်ပုံသက်သေ၊ လူသက်သေတွေ အရင်စုပါ တယ်။ အနည်းတစ်ပတ်လောက် တော့ စုံစမ်းစစ်ဆေးပြီးမှ သွားတာပါ။ သေချာပြီဆိုတော့မှ သတိပေး ဆုံးမမှုတွေ လုပ်တာပါ။ တကယ် ဖြစ်စဉ်မှာ ဒီလူတွေပါပါတယ်။ သူတို့ခံရမယ့်အလှည့်ကျတော့ ကြောက်ပြီး ငြင်းတာပါ။

တချို့က ဒီလိုလုပ်တာ ဥပဒေမဲ့ လုပ်ရပ်လို့ ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။ ဒီအတွက်ဘယ်လို   ပြင်ဆင်ကာကွယ်ထားတာတွေရှိပါသလဲ။
ကျွန်တော်တို့ကတော့ ခရီး သွားပြည်သူတွေကို စော်ကားတာ ရိုင်းပျတာမျိုးတွေ ခံစားရတဲ့အနေအထားမှာ ပြည်သူတွေအနေနဲ့ ဆန့်ကျင်ခွင့်ရှိတယ်လို့ ယုံကြည် ပါတယ်။ ခရီးသွားပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်တာတွေကို လက်မခံဘူး။ ရှုတ်ချတယ်၊ ဆန့် ကျင်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေရဲ့အခွင့်အရေးပါ။ သက်ဆိုင်ရာအာဏာပိုင်တာဝန် ရှိသူတွေက ထိထိရောက်ရောက် လုပ်ပေးတယ်ဆိုရင် ဒီလိုဖြစ်စဉ် တွေ ဖြစ်လာစရာအကြောင်းမရှိ ပါဘူး။ ‘‘ထိရောက်တဲ့အရေးယူမှု မရှိတဲ့အတွက် ကျွန်တော်တို့ပြည် သူတွေကို ပြည်သူတွေက ပြန် လည်စောင့်ရှောက်တာက တရား မျှတမှုရှိတယ်လို့ထင်ပါတယ်’’ ဒါကိုမှားတယ်လို့ သုံးသပ်တယ် ဆိုလည်း ရင်ဆိုင်ဖို့အဆင့်သင့်ပါ ပဲ။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေနဲ့ပတ်သက်ပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကို ဘယ်လိုထိန်း သိမ်းစေချင်လဲ။
ကျွန်တော်တို့ကတော့သက် ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ ယာဉ်လိုင်းကြီးကြပ်တဲ့ကော်မတီတွေ ရှိမယ်။ ဖြစ်စဉ်တစ်ခုဖြစ်လာရင် တိုင်ကြားတဲ့သူတွေက တိုင်ကြား တဲ့အခါကျရင် ဥပဒေအရ အရေး ယူပေးမယ့် အဖွဲ့အစည်းတွေ နောက် ဒီစနစ်ကြီးကို ပိုကောင်း မွန်အောင် အာဏာပိုင်တွေကို လုပ်ပေးစေချင်တယ်။ နောက် တစ်ခုကတော့ပြည်သူတွေအနေ နဲ့ ကိုယ့်ရှေ့မှာ မတရားတာ မြင် နေရရင် ပါဝင်စေချင်ပါတယ်။ တစ်ဦးတစ်ယောက်အနေနဲ့ ငါ မဟုတ်ဘူးဆိုပြီးနေတယ်။ ကြာ လာတဲ့အခါကျတော့ ဒီလူတွေက လက်ရဲဇက်ရဲဖြစ်လာတယ်။ ဒီအ တွက် ပြည်သူတွေအနေနဲ့ မတ ရားမှုကို ပါဝင်တွန်းလှန်ကြပါလို့ ပြောချင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ခရီး သည်တင်ယာဉ်တွေကလည်း ပြန် တုံ့ပြန်လို့ ပဋိပက္ခပုံစံမျိုးဖြစ်ရင် ဘယ်လိုထိန်းမယ် စဉ်းစားသလဲ။
ကျွန်တော်တို့လည်း အဲဒီလို မျိုး စဉ်းစားမိပါတယ်။ ကျွန်တော် တို့က ဖြစ်စဉ်တစ်ခုလိုက်တယ်ဆို ရင် လူစုပြီး လိုက်တယ်။ ပြီးတော့ ဆုံးမမှုတွေ လုပ်တယ်။ အုပ်စု လိုက် ချိန်းပြီး ဖြစ်မယ့် အနေအ ထားမျိုးတော့ မရှိပါဘူး။ ဖြစ်စဉ် ကို သေချာလိုက်တဲ့အတွက် အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်ဖို့ တော့ မရှိပါဘူး။

ဒီအခြေအနေက နှစ်ဖက်အဖွဲ့ ကြီးနှစ်ဖွဲ့ ပဋိပက္ခဖြစ်လာနိုင်တဲ့ အခြေအနေရှိတော့ ဘယ်အချိန်၊ ဘယ်အထိ ဒီလိုလုပ်နေမလဲ။ လက်ရှိယာဉ်တွေနဲ့ပတ်သက်ပြီး တော့ကော တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို ဘာတွေ လုပ်စေချင်တာ လဲ။
တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ လုပ်ပေးနိုင်တာတွေရှိပါ တယ်။ ဒါတွေကတော့ သက်ဆိုင် ရာအာဏာပိုင်အဖွဲ့တွေက ပြည် သူတွေ တိုင်ကြားတဲ့အခါမှာ ဒီဖြစ် စဉ်တွေ ထိထိရောက်ရောက်အ ရေးယူစေချင်ပါတယ်။ ဥပမာအ နေနဲ့ ရဲစခန်းသွားတိုင်ရင်တောင် သာမန်ပြစ်မှုပုံစံမျိုးနဲ့ သဘော ထားတယ်။ ထိထိရောက်ရောက် မလုပ်ပေးတော့ တိုင်ရတဲ့သူတွေ မှာလည်း တိုင်သာတိုင်ရတယ်။ ထိရောက်တဲ့ခံစားမှုမျိုးမရှိဘူး။ နောက်ပြီး စပယ်ယာတွေ နှစ် ယောက်၊ သုံးယောက်နဲ့ ကားပေါ် မှာ လက်နက်တွေပါတယ်။ ဒါမျိုး တွေကို သေချာစစ်ဆေးချင်ပါ တယ်။ ကားပေါ်မှာ သံတုတ်တွေ အပြင် ချွန်ထက်တဲ့ ဝက်အူလှည့် တို့၊ သံအချွန်တွေ ပါပါတယ်။ အစိုးရအနေနဲ့ကလည်း အိမ်စီး ကားတွေကျတော့ စစ်ပြီး ဘတ်စ် ကားတွေစစ်တာတော့ မရှိပါဘူး။ မယုံရင်စစ်ကြည့်ပါ တွေ့ပါလိမ့် မယ်။ ပြင်ဆင်မှုနဲ့မဆိုင်တဲ့ လက် နက်ကိရိယာတွေ ပါပါတယ်။ ဒါတွေကို ကြပ်မတ်စစ်ဆေးချင်ပါ တယ်။

အစိုးရအနေနဲ့ ရိုင်းပျတဲ့ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တွေ ကို ထိရောက်တဲ့အပြစ်ပေးအရေး ယူမှုတွေ ရှိမယ်ဆိုရင် ‘လူပါးဝ ဘတ်စ်များရပ်’ဆိုတဲ့အဖွဲ့က ဖျက်သိမ်းသွားဖို့ရှိပါသလား။
ခရီးသွား ပြည်သူတွေကို အေးချမ်းစွာနဲ့ သွားလာနိုင်မယ်ဆို  ရင်အဖွဲ့ကို ဖျက်သိမ်းသွားဖို့ရှိပါ တယ်။ သယ်ယူပို့ဆောင်ပေးတဲ့ သူတွေအနေနဲ့လည်း အပြန်အ လှန်အကျိုးပြုတဲ့ အဖွဲ့တွေ ဖြစ်လာမယ်ဆိုရင် ခရီးသွားပြည်သူ တွေအနေနဲ့လည်း ကျေနပ်ကြမှာ ပါ။ အဲဒီအခါကျရင် ဒီလိုဖြစ်စဉ် တွေလည်း ရှိတော့မှာ မဟုတ်ပါ ဘူး။

ဟုတ်ကဲ့။ အခုလို ဖြေကြားပေး တာ ကျေးဇူးတင်ပါတယ်။

Sources; 7Day

No comments:

Post a Comment