မြန်မာနိုင်ငံက ထင်ရှားတဲ့ ရေလယ်ဘုရား (၆) ဆူ
တန်ခိုးကြီးမားပြီး ထင်ရှားတဲ့ ရေလယ်ဘုရားတွေကို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရေလယ်ဘုရား (၆)ဆူ ရှိပါတယ်။ တန်ခိုးကြီးမားပြီး အမြဲတမ်းလိုလို ဖူးမျှော်သူတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။
၁။ ဖောင်တော်ဦး
ရှမ်းပြည်နယ်၊ အင်းလေးကန်အတွင်းမှာ တည်ရှိပါတယ်။
၂။ မော်တင်စွန်း
ဧရာဝတီတိုင်းက မော်တင်စွန်းဘုရားကို သွားရင်တော့ ကျယ်ပြောလှပတဲ့ ပင်လယ်ကြီးကိုပါ မြင်တွေ့ခံစားနိုင်မှာပါ။
၃။ ကျိုက်မှော်ဝန်း
ရေလယ်ကျောက်တန်းလို့လည်း အမည်တွင်ပြီး ရန်ကုန်တိုင်းအတွင်းမှာ တည်ရှိပါတယ်။
၎။ ကျိုက္ခမီ
မွန်ပြည်နယ်အတွင်းမှာ တည်ရှိပြီး မွန်ပြည်နယ်ကိုရောက်ရင် သွားဖြစ်အောင် သွားသင့်ပါတယ်။
၅။ အင်းတော်ကြီး
ကချင်ပြည်နယ် အင်းတော်ကြီးကန်အတွင်းက ရေလယ်ဘုရားရဲ့ ဘွဲ့အမည်က ရတနာမဉ္ဇူလို့ အမည်တွင်ပါတယ်။
၆။ သပိတ်ကျင်း ရေလယ်ဘုရား
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က အညာသီဟတောရေလယ်ဘုရားကလည်း ထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
Source & Photo : Kachinofficeblog,Missgreenlady
No comments:
Post a Comment