Latest News

Tuesday, December 27, 2016

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သမိုင်းဝင် ခရီးစဉ်အဖြစ် ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သမိုင်းဝင် ခရီးစဉ်အဖြစ် ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ အင်္ဂါနေ့မှာ သမိုင်းဝင် အလည်အပတ် ခရီးစဉ်အဖြစ် ပုလဲဆိပ်ကမ်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဂျပန်တို့က ပုလဲဆိပ်ကမ်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ၇၅ နှစ်ကြာမြင့်ခဲ့ပြီးနောက်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတို့ဟာ အတူတကွ ပုလဲဆိပ်ကမ်းကို သွားရောက်ပြီး ယင်းတိုက်ပွဲမှာ ကျဆုံးခဲ့ရသူတွေကို အောက်မေ့ ဂါရဝပြုသွားမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ အလည်အပတ် ခရီးဟာ ယခင်တုန်းက ရန်သူဖြစ်ခဲ့သူတွေကို အရင်းနှီးဆုံး မဟာမိတ်တွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့ ပြန်လည် ပေါင်းစည်းညီညွတ်မှုရဲ့ စွမ်းအားကိုပြသရာ ရောက်မှာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် တစ်ရပ်ထဲမှာ ဖော်ပြထားပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန်တို့က အနူမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားကို အမေရိကန်သမ္မတ အိုဘားမားက သွားရောက် လည်ပတ်ခဲ့ပြီး နောက် ၇ လအကြာမှာ အခုလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်တို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပုလဲဆိပ်ကမ်းကို လာရောက် လည်ပတ်တဲ့ အစီအစဉ် ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

ရှင်ဇိုအာဘေးဟာ ပုလဲဆိပ်ကမ်းကို သွားရောက် လည်ပတ်တဲ့ စတုတ္ထမြောက် ဂျပန်ဝန်ကြီးချုပ် ဖြစ်ပေမယ့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဂျပန်တို့ရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် မရိန်းတပ်သား ၁၁၇၇ ဦး ကျဆုံးခဲ့ရတဲ့ အမေရိကန် စစ်သင်္ဘော USS Arizona အထိမ်းအမှတ် နေရာကို သွားရောက် လည်ပတ်တဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Sources; CNN The Voice

No comments:

Post a Comment