Latest News

Wednesday, December 28, 2016

ဇီဒန်းကို စိတ်ကသိကအောက်ဖြစ်အောင် နှိုးဆော်လိုက်ပြန်တဲ့ မာတာရာဇီ

ဇီဒန်းကို စိတ်ကသိကအောက်ဖြစ်အောင် နှိုးဆော်လိုက်ပြန်တဲ့ မာတာရာဇီ


၂ဝဝ၆ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ  ပြင်သစ်အသင်းခေါင်းဆောင် ဇီဒန်းက အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရပါတယ်။ ပွဲစဉ်တစ်လျှောက်လုံး  စိုးမိုးထားတဲ့ ပြင်သစ်အသင်းက ဇီဒန်း အထုတ်ခံရပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ  အီတလီအသင်းကို ငါးဂိုး-သုံးဂိုးနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ချန်ပီယံဆု ကို လက်လွှတ်ခဲ့ရပါတယ်။

  ဒီအဖြစ်အပျက် ဖြစ်ခဲ့တာက ၁ဝစုနှစ် တစ်ခုကြာမြင့်ခဲ့ပြီဖြစ်သလို ဇီဒန်းဘက်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပေမယ့် မာတာရာဇီက တော့ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကတစ်ဆင့် ဒီအဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ်လိုက်ပါ တယ်။ ဇီဒန်းက ၂ဝဝ၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မယှဉ် ပြိုင်ခင်ကတည်းက သူဒီကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင်   ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောကြား ထားသူဖြစ်တာကြောင့် ယခုလို  ဗိုလ်လုပွဲမှာ ထုတ်ပယ်ခံရပြီး ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာ က ရှက်စရာကောင်းတဲ့ ကိစ္စရပ်လို့ ခံယူခဲ့ရပေမယ့် မာတာရာဇီကတော့  ဇီဒန်း သူ့ကို ခေါင်းနဲ့ တိုက် ခဲ့တဲ့ပုံရိပ်ကို  အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်  ဒီအဖြစ်အပျက်ရဲ့ ဇာတ်ကောင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ရတာကို အင်မတန် ဂုဏ်ယူပြီး အခုထိလည်း မမေ့နိုင်သေးတဲ့ ပုံပေါ်ပါတယ်။ ၂ဝဝ၆ ချန်ပီယံဆိုတဲ့ စာသားရေးထိုးထားတဲ့ ရွှေရောင်ဘောလုံးနဲ့ အီတလီအသင်းဂျာစီတို့ နဲ့အတူ ဇီဒန်းသူ့ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ပုံကို ဓာတ်ပုံ ရိုက်ပြီး အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့ တာဖြစ်ပါတယ်။

၂ဝဝ၆ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း  မာတာရာဇီက  အီတလီအသင်းအောင်မြင်မှုရဲ့ အဓိကဇာတ် ကောင်တစ်ဦးဖြစ်ခဲ့ရသလို  ဇီဒန်းသူ့ကို ဘာကြောင့် ခေါင်းနဲ့ ပြေးတိုက်တာလဲဆိုတဲ့ ကိစ္စရပ်က  အားလုံးသိချင်ခဲ့ကြတဲ့ မေးခွန်းတစ်ရပ်လည်း ဖြစ်ခဲ့ ပါတယ်။ မာတာရာဇီက ဒီကိစ္စရပ်ကို လအတန်ကြာ ဖွင့်မပြောပေမယ့် နောက်ပိုင်းကျတော့ ''ကျွန်တော့်စကားက မိုက်မဲချင် မိုက်မဲမှာပေါ့။ ဒါပေမယ့် သူ(ဇီဒန်း) ဒီလို မတုံ့ပြန်သင့်ပါဘူး။ အားလုံးက ကျွန်တော်ပြောခဲ့တဲ့စကားက ဆေးရုံတက်နေရတဲ့ သူ့အမေကို စော်ကားခဲ့တဲ့စကားဖြစ်မယ်လို့ ထင်ခဲ့ပေမယ့်  ကျွန်တော့်အမေက ကျွန်တော်အသက် (၁၅) နှစ်အရွယ်မှာပဲ ကွယ်လွန်သွားတာကြောင့် မိခင်တစ်ဦးကို ထိခိုက်တဲ့စကား ကျွန်တော်မပြောခဲ့ပါဘူး။ သူ့ညီမကိုပဲ ပြောခဲ့တာပါ'' လို့  ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဇီဒန်းက ပွဲကစားချိန်အတွင်း သူ့ဂျာစီကို မကြာခဏ ဆွဲနေတဲ့ မာတာ
ရာဇီကို ''အင်္ကျီကိုမဆွဲနဲ့ လိုချင်ရင် ပွဲအပြီး လဲပေးမယ်'' လို့ ပြောခဲ့ရာမှာ မာတာရာဇီက''ခင်ဗျားဂျာစီကို ကျုပ်က ဘာလုပ်ရမှာလဲ၊ အဲဒီအစားခင်ဗျားညီမကို ဒီည လွှတ်လိုက်ရင် ပိုအဆင်ပြေသေးတယ်'' လို့ တုံ့ပြန်ပြီးနောက် ခုလို ဇီဒန်း
ရဲ့ ကမ္ဘာကျော် ခေါင်းတိုက်ချက် ဖြစ်စဉ် ပေါ်လာတာဖြစ်ပါတယ်။

 မေ လဲ့ သင်း စုစည်း သည်

Sources; ကြေးမုံ (The Mirror)

No comments:

Post a Comment