Latest News

Sunday, December 4, 2016

မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် သံတမန်ရေးအရ မြန်မာတုန့်ပြန်မယ်

မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် သံတမန်ရေးအရ မြန်မာတုန့်ပြန်မယ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာရှိတဲ့ ဘင်္ဂါလီအရေးကိစ္စတွေနဲ့ပတ်သတ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ခ် ပြောခဲ့တာတွေကို နိုင်ငံတကာ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းနဲ့အညီ ချက်ချင်းတုန့်ပြန်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားရေးမှုချုပ် ဦးဇော်ဌေးက ဆဲဗင်းဒေး သတင်းစာကို ပြောခဲ့ပါတယ်။

"မလေးရှားပြည်တွင်း မီဒီယာပေါင်းစုံမှာလည်း မောင်တောဖြစ်စဉ်မဟုတ်တဲ့ မခိုင်လုံတဲ့ အတည်မပြုနိုင်တဲ့ ဗွီဒီယိုတွေ ၊သတင်းဓာတ်ပုံတွေ၊ ချဲ့ကားပြောဆိုသွားတဲ့ စကားတွေကို ထုတ်လွှင့်သွားတယ်။ ရေးသားဖော်ပြသွားတယ်ပေါ့နော်။ ဒီလုပ်ဆောင်ချက်တွေကြောင့် ဘာသာရေးအရ ပိုပြီးတော့ တင်းမာမှုတွေ ဖြစ်အောင် ဖန်တီးတဲ့ သဘောမျိုးသက်ရောက်နေတယ်။ ဒီအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ရေးရာနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ချက်ချင်းတုန့်ပြန်သွားမယ်လို့" ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

နှစ်နိုင်ငံအကြားမှာ ဥပဒေအရ အတည်ပြုနိုင်တဲ့ လမ်းကြောင်းတွေရှိနေပေမယ့် မဟုတ်မှန်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတဲ့အတွက် တော်တော်လေးစိတ်ပျက်မိတယ်လို့လည်း ဦးဇော်ဌေးက ပြောခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပြောတာတွေက အာဆီယံတင်မကဘဲ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာပါ အစွန်းရောက်တွေ ပိုမိုများပြားလာအောင် သွေးထိုးလှုံ့ဆော်တဲ့ သဘော ရောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြီး မြန်မာနိုင်ငံအပေါ် ဆန္ဒပြကန့်ကွက်တာတွေပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှားနိုင်ငံသားတွေကို တန်ပြန်ဆန္ဒပြ ကန့်ကွက်ပွဲကိုလည်း ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၂၀၀ကျော်က ဒီနေ့ (ဒီဇင်ဘာ၎ရက်)မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Source & Photos : 7DayDaily,U ZawHtay Facebook
Duwun

No comments:

Post a Comment