Latest News

Monday, December 26, 2016

ရေနွေးပူစိမ်ဖို့ မိုးပြဲဒယ်ကိုမီးမြိုက်ပြီး ဝင်စိမ်တဲ့လူ


ရေနွေးပူစိမ်ဖို့ မိုးပြဲဒယ်ကိုမီးမြိုက်ပြီး ဝင်စိမ်တဲ့လူ

ရေနွေးပူပူထဲ အရှင်လတ်လတ်အပြုတ်ခံရတဲ့ခံစားချက်ကို ဘယ်သူကများ နှစ်သက်မှာတဲ့လဲ။
 
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က မိုက်ကယ်ဒိုင်ယက်ဇ်ဟာ အားလပ်ရက်မှာ အပူပိုင်းဒေသနဲ့ သဘာဝကိုထိတွေ့ခံစားနိုင်မယ့်ဒေသတွေကို ခရီးထွက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း ရေနွေးစိမ်တဲ့ပုံတွေကို အွန်လိုင်းပေါ်ရောက်လာချိန်မှာ လူတွေသဘောကျရယ်မောစရာ ဖြစ်လာခဲ့ပါတယ်။ မိုးပြဲဒယ်အိုးကြီးတစ်လုံးကို အောက်မှာမီးမြိုက်ပီး ရေနွေးပူအိုးထဲ ဆင်းစိမ်နေပေမဲ့ အပြုံးမပျက်တဲ့မျက်နှာကြောင့်လည်း အံ့အားသင့်စရာကောင်းပါတယ်။

ဖြစ်ကတတ်ဆန်း စိမ်တာလည်း မဟုတ်ပြန်ပါဘူး။ ရေနွေးထဲမှာ မာလကာရွက်၊ ဂျင်း၊ ပန်းပွင့်ချပ်တွေနဲ့ အမွှေးနံ့ကိုထည့်ပြီး စိမ်ချိုးခဲ့တာပါ။ ဒီလိုထည့်လိုက်ရင် ရေနွေးက သိပ်မပူတော့ဘူးလို့လည်း မိုက်ကယ်ကပြောပါတယ်။ ရေနွေးပူပူထဲ အရှင်လတ်လတ်အပြုတ်ခံရတဲ့ခံစားချက်ကို ဘယ်သူကမှ နှစ်သက်မှာမဟုတ်ပေမဲ့ မိုက်ကယ်ကတော့ အေးအေးလူလူရှိနေခဲ့တာ တွေ့ရပါတယ်။

Source : Mail Online : duwun


No comments:

Post a Comment