Latest News

Wednesday, December 28, 2016

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး ကျင်းပ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး ကျင်းပ


ရန်​ကုန်​ ၊ ဒီဇင်​ဘာ ၂၈

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (Joint Coordinating Body For Peace Process Funding-JCB) ၏ အစည်းအ​ဝေးကို ရန်​ကုန်​မြို့၊​ရွှေလီလမ်းရှိ အမျိုးသား ပြန်​လည်​ သင့်မြတ်​​ရေးနှင့်​ ငြိမ်းချမ်ရေး ဗဟိုဌာန (NRPC) တွင်​ ဒီဇင်​ဘာလ ၂၈ ရက်​​နေ့၊ နံနက်​ ၉ နာရီက စတင်​၍ မွန်းလွဲ ၁၂ နာရီခန့်​ အထိ ကျင်းပ ပြုလုပ်​ခဲ့သည်​။

အစည်းအ​ဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ (သမ္မတရုံး ဝန်ကြီးဌာန)၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း တို့ အပါအဝင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ​၊ NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း ၁၆ ဦးခန့် တက်ရောက်​​ ဆွေး​နွေးခဲ့​ကြောင်း သိရသည်​။

ယ​နေ့ပြုလုပ်​​သော အစည်းအ​ဝေးသို့  မီဒီယာများကိုဝင်​ခွင့်​မပြုခဲ့​ပေ။

Sources; ဖြိုးထက်​​အောင်​ Popular

No comments:

Post a Comment