Latest News

Monday, December 26, 2016

တစ်ကျော့ပြန်လာတဲ့ အကယ်ဒမီကျော်သူက ရုပ်ရှင်ငါးကား ရိုက်ကူးပြီးဟုဆို

တစ်ကျော့ပြန်လာတဲ့ အကယ်ဒမီကျော်သူက ရုပ်ရှင်ငါးကား ရိုက်ကူးပြီးဟုဆို


မန္တလေး၊ ဒီဇင်ဘာ ၂၅ - ရုပ်ရှင်ရိုက်ခွင့် ရှစ်နှစ်ခန့် ပိတ်ခံခဲ့ရတဲ့ အကယ်ဒမီကျော်သူက တစ်ကျော့ပြန်ရိုက်ကူးလာတဲ့ နောက်မှာ ရုပ်ရှင်ဇာတ်ကား ငါးကားရိုက်ကူးပြီး ဖြစ် တယ်လို့ သိရပါတယ်။

ပထမဆုံး ပြန်လည်ရိုက်ကူးတာက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဖြစ်ပြီး အဲသည်နောက်မှာတော့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ၊ ငဘ၊ ဝိညာဉ်စိမ်းနဲ့ ကျောမှာဂဠုန် ရင်မှာနဂါးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါ တယ်။

ရိုက်ကူးပြီးတဲ့ ဇာတ်ကားအားလုံးမှာ ပင်ကိုဆံပင်အရှည်နဲ့ မုတ်ဆိတ်မွေးတွေကို မရိတ်သင်ဘဲ ရိုက်ကူးခဲ့တယ်လို့ အကယ်ဒမီကျော်သူက ပြောပါတယ်။

အကယ်ဒမီကျော်သူက “အံဝင်တဲ့ဇာတ်တွေပဲလာတယ်၊အင်မတန်အကျိုး ရှိမယ့် ကားမျိုးဆိုရင် ရိုတ်ပေးမယ်၊ အခုကတော့ ဒီဟာက(ဆံပင်ရှည်နဲ့ မုတ်ဆိတ်) အံဝင်တဲ့ဟာမျိုးတွေမို့ ကျွန်တော် မရိတ်တာ၊ ငဘဆိုရင်လဲ သျှောင်ထုံး လိုက်ရင် ပြီးသွားတာ”လို့ ရှင်းပြပါတယ်။


Sources; အေးစုမွန် : KUMUDRA

No comments:

Post a Comment