Latest News

Thursday, December 22, 2016

လူတိုင်းခံစားရတဲ့ အထီးကျန်ဆုံးအချိန် (၉) ချိန်

လူတိုင်းခံစားရတဲ့ အထီးကျန်ဆုံးအချိန် (၉) ချိန်

လူတိုင်းကြုံခဲ့ရဖူးတဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။

၁ - လူအုပ်ထဲကို ရောက်နေပေမဲ့ ဘယ်သူနဲ့မှ မသိတဲ့အချိန်

၂ - သင်အချစ်ဆုံးလူက အလုပ်တွေရှုပ်နေတဲ့အချိန်

၃ - သင့်မှာ စဉ်းစားမိတဲ့ အကြံဉာဏ်ရှိပေမဲ့ နားထောင်ပေးမယ့်လူ မရှိတဲ့အချိန်

၎ - သင့်မှာ ထူးခြားတဲ့ရည်မှန်းချက်တွေရှိပေမဲ့ သင့်ဘေးနားကလူတွေ အကုန်လုံးက သင့်လိုမဟုတ်တဲ့အချိန်

၅ - ရည်ရွယ်တာကို အောင်မြင်ခဲ့ပြီး ဖြစ်ပေမဲ့ ဗလာသက်သက်လိုခံစားနေရတဲ့အချိန်

၆ - သင်ကြိုးစားနေပေမဲ့ ဘယ်သူကမှ အသိအမှတ်ပြုတာ၊ အလေးထားတာမျိုး မရှိတဲ့အချိန်

၇ - နောက်တစ်ကြိမ် ပြန်မရနိုင်တော့တဲ့ အခွင့်အရေးတစ်ခုကို လက်လွှတ်လိုက်ရပြီးစ အချိန်တွေ

၈ - တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကြောင့် သင့်ကို ထားသွားတဲ့အချိန်

၉ - ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ နက်ရှိုင်းတဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်နေရချိန်

Sources : Duwun

No comments:

Post a Comment