Latest News

Thursday, December 8, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများတွင် ဆုတ်ခွာသွားသည့် ရန်သူများအား ထပ်ချပ်လိုက်လံ ရှင်းလင်း၍ အမြစ်ပြတ် ချေမှုန်းရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှာကြား

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများတွင် ဆုတ်ခွာသွားသည့် ရန်သူများအား ထပ်ချပ်လိုက်လံ ရှင်းလင်း၍ အမြစ်ပြတ် ချေမှုန်းရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှာကြား

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများတွင် ဆုတ်ခွာသွားသည့် ရန်သူများအား ထပ်ချပ်လိုက်လံ ရှင်းလင်း၍ အမြစ်ပြတ် ချေမှုန်းရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုး၊ ဖောင်းဆိုင်၊ ဟေမိုးလုံ၊ ကြူကုတ် (ပန်ဆိုင်း) နယ်မြေများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း KIA၊ TNLA၊ MNDAA၊ AA အဖွဲ့များပူးပေါင်းပြီး အင်အားသုံး ၀င်ရောက်တိုက်ခိုက်ခဲ့မှု အခြေအနေများ၊ ယခုတိုက်ပွဲဖြစ်စဉ်များအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ တစ်ဖက်နိုင်ငံအတွင်း ဆေးဝါးကုသမှု လုပ်ဆောင်နေသည့် သတင်းများရရှိမှု အခြေအနေများ၊ နယ်စပ်အနီး ဖြစ်ပွားသည့် တိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်မှုကြောင့် တစ်ဖက်နိုင်ငံအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲသဖြင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်မှ တာဝန်ရှိသူများ တွေ့ဆုံစစ်ဆေးရာတွင် မြန်မာ့တပ်မတော်မှ အသုံးပြုသည့် ခဲယမ်းများမဟုတ်ဘဲ သောင်းကျန်းသူများ သုံးစွဲလေ့ရှိသည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း တွေ့ရှိရမှုများအား ရှင်းလင်းတင်ပြကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းအား လုံခြုံမှုအပြည့်အ၀ရှိအောင် အမြန်ဆုံးဆောင်ရွက်ရန်၊ ကားလမ်းပေါ်တွင် အရပ်ဝတ်ဖြင့် အရပ်သား အသွင်ယူပြီး လမ်းကြောင်း ပိတ်ဆို့ခြင်း၊ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများအား နယ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းရေး၊ ဆုတ်ခွာသွားသည့် ရန်သူများအား ထပ်ချပ်လိုက်လံ ရှင်းလင်း၍ အမြစ်ပြတ်ချေမှုန်းရေး၊ ရန်သူ့သတင်း လက်ဦးမှုရရှိရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များအား စစ်ရေးသတိဖြင့် စနစ်တကျ လုပ်ဆောင်ရေးတို့အား မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ယခုအချိန်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေချိန်ဖြစ်ပြီး တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်ကြမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်နေကြကြောင်း၊ ၎င်းမှာ ပြည်သူကရွေးချယ်သော လမ်းဖြစ်ပြီး တပ်မတော်က အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြီးမားဆုံးသော အခက်အခဲမှာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးပင်ဖြစ်၍ ၂၀၁၂ ခုနှစ်မှ စတင်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို ဖိတ်ခေါ် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိနိုင်ငံရေး လမ်းကြောင်းမှာ ဒီမိုကရေစီပုံစံဖြင့် သွားနေခြင်းဖြစ်သောကြောင့် လက်နက်ကိုင်ပြီး တောင်းဆိုမှုများကို မည်သို့မှ လက်မခံနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ခန်းမ၌ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် တပ်မတော်သားများအတွက် စေတနာရှင်ပြည်သူများက အလှူငွေများနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment