Latest News

Tuesday, December 20, 2016

အားသာချက်​​တွေကို အား​ပေးပြီး လိုအပ်​ချက်​​တွေကို ဝိုင်းဝန်းဖြည့်​ဆည်းဖို့ ဦးမင်းကိုနိုင်​ တိုက်​တွန်း

အားသာချက်​​တွေကို အား​ပေးပြီး လိုအပ်​ချက်​​တွေကို ဝိုင်းဝန်းဖြည့်​ဆည်းဖို့ ဦးမင်းကိုနိုင်​ တိုက်​တွန်း

ဒီဇင်ဘာ/ ၂၀ / ဒဂုံမြို့သစ် အရှေပိုင်း (၁၃)ရပ်ကွက်

လူကြီးမိဘ​တွေအ​နေနဲ့ လူငယ်​​တွေရဲ့ အားနည်းချက်​​တွေကို အပြစ်​မတင်​ပဲ အားသာချက်​​တွေကိုအား​ပေးဖို့နဲ့ လိုအပ်​ချက်​​တွေကို ဝိုင်းဝန်းဖြည့်​ဆည်း​ပေးကြရန် မ​နေ့က (ဒီဇင်​ဘာလ ၂၀ ရက်​​နေ့) ဒဂုံမြို့သစ် အရှေ့ပိုင်း
(၁၃)ရပ်ကွက်မှာ ကျင်းပတဲ့  စာ​ပေ​ဟော​ပြောပွဲမှာ စာရေးဆရာ
ဦးမင်းကိုနိုင်​က ​ပြောကြားခဲ့ပါတယ်။

လူငယ်​​တွေဟာ ပညာ​ရေးပိုင်းမှာ ​တော်​တဲ့ သူ​တွေရှိသလို အားကစားနဲ့ အနုပညာတို့လို ဘက်​​တွေမှာလည်း ​တော်​တဲ့သူ​တွေရှိတာ​ကြောင့်​ အဲ့ဒီအားသာချက်​​တွေကို အား​ပေးဖို့ ဒါ့အပြင်​ နိုင်​ငံတကာမှာ အင်​တာနက်​ လူမှုကွန်​ရက်​စာမျက်​နှာ​တွေကို သုံးစွဲသူ​တွေဟာ တစ်​ဦးနဲ့ တစ်​ဦး လိုအပ်​ချက်​​တွေကို မျှ​ဝေကူညီဖို့အတွက်​ အသုံးပြု​နေပြီး မြန်​မာနိုင်​ငံမှာ​တော့ လူမှုကွန်​ရက်​စာမျက်​နှာ​တွေ​ပေါ်မှာ ဆဲဆိုမှု​တွေများ​နေတာကို
စိတ်​မ​ကောင်းဖြစ်​မိ​ကြောင်းကိုလည်း ​ပြောခဲ့ပါတယ်​။

ဦးမင်းကိုနိုင်​ ​ဟော​ပြော အပြီးမှာ​တော့ စာ​ရေးဆရာကိုနေဘုန်းလတ် နဲ့
စစ်သူကြီး ဦးဗေလုဝတို့က ဆက်​လက်​ ​ဟော​ပြောခဲ့ပါတယ်​။

ဓါတ်ပုံ- မောင်သိန်း(ဒဿနိက)

Credit Thein Htein

No comments:

Post a Comment