Latest News

Monday, December 12, 2016

ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းတွေ မူဝါဒတွေနဲ့အညီ လုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းတွေ မူဝါဒတွေနဲ့အညီ လုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

အစိုးရအနေနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတွေက ဖွံ့ဖြိုးမှုအကျိုးရလဒ်တွေရရှိဖို့အတွက် မြန်မာပြည်သူတွေနဲ့ အခွန်ဆောင် အလှူရှင်တွေ အတွက် တာဝန်ခံရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်ရှိ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန စုဝေးခန်းမမှာပြုလုပ်တဲ့ဖွံ့ဖြိုးမှု အကူအညီများ ညှိ နိုင်းရေးအဖွဲ့(DACU)နဲ့ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့(CPG) ပထမအကြိမ်အစည်းအဝေးမှာ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းတွေ မူဝါဒတွေနဲ့ အညီ ပွင့်လင်းမြင်သာစွာနဲ့ ၄င်းတို့ရဲ့ အကူအညီပေးရေးကို ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

MCN TV

No comments:

Post a Comment