Latest News

Sunday, December 25, 2016

ယာဉ်လုပ်သားတွေ စည်းကမ်းဖောက်ဖျက်တာမထိန်းနိုင်ဘူးလို့ မထသဝန်ခံ

ယာဉ်လုပ်သားတွေ စည်းကမ်းဖောက်ဖျက်တာမထိန်းနိုင်ဘူးလို့ မထသဝန်ခံ

စည်းကမ်းထိန်းရတာ ခက်ခဲ့တယ်လို့ မထသဥက္ကဋ္ဌက ပြောပါတယ်။
 
ရန်ကုန်မြို့ထဲမှာ မောင်းနှင်ပြေးဆွဲနေတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ စည်းကမ်းဖောက်တာတွေအပြင် ခိုက်ရန်ဖြစ်ပွား တာတွေနဲ့ ပတ်သက်ပြီး မထသ(ဗဟို)ကော်မတီက ထိန်းချုပ်နိုင်တာမရှိဘူးလို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို) ကော်မတီတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

“အပြောင်းအလဲကာလဖြစ်တဲ့အခုချိန်က စည်းကမ်းထိန်းရတာ အရမ်းကိုခက်ခဲတယ်။ မျိုးစုံသော ကိစ္စရပ်တွေနဲ့ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ ရန်ကုန်မြို့မှာရှိတဲ့ခရီးသည်တွေအတွက် မထသအနေနဲ့အကျိုးပြုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့စနစ်က လျော့နည်းလာတဲ့အတွက် မထိန်းချုပ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်”လို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။

စနစ်သစ်နဲ့ ပြေးဆွဲမယ့် အများပိုင်ကုမ္ပဏီမှာ ပါဝင်မပြေးဆွဲနိုင်တဲ့ အချို့ယာဉ်လိုင်းတွေက ပြေးဆွဲမှုရရှိနေသေးတဲ့ အခွင့်အရေးကိုအသုံးချပြီး ပြေးဆွဲမှုအခေါက်ရေ ပိုများဖို့ အရှိန်လွန်မောင်းနှင်နေကြတယ်လို့ ဦးလှအောင်က ပြောပါတယ်။

“အများပိုင်မှာ ပါတဲ့သူ၊ မပါတဲ့သူရှိတယ်။ မပါမယ့်ယာဉ်က လိုင်းပျက်တော့မယ်ဆိုတဲ့အတွေးနဲ့စည်းကမ်းကိုမလိုက်နာဘဲ အသည်းအသန်ပြေးဆွဲနေတယ်။ လူမိုက်လိုလူကယာဉ်ပေါ်တက်ပြီး ယာဉ်စီးခကိုကောက်ချင်သလိုကောက်တာတွေလည်း ရှိနေတယ်” လို့ ဦးလှအောင်က ပြောပါတယ်။

ယာဉ်လုပ်သားတွေရဲ့ စည်းကမ်းဖောက်မှုမှာ ယာဉ်စီးခပိုကောက်ခံတာတွေနဲ့ မချေမငံဆက်ဆံတာတွေက အများဆုံးဖြစ်ပြီး စည်းကမ်းဖောက်တာတွေကို ပိုမိုကြပ်မတ်နေပေမယ့် လူတစ်ဦးချင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်နေလို့ ကျူးလွန်သူ လျော့ကျတာမရှိဘူးလို့ မထသဗဟိုက ပြောပါတယ်။

Source : The Voice

Photos : MBT
 

No comments:

Post a Comment