Latest News

Friday, September 2, 2016

ဟင်္သာတဘူတာမှာ အသက်(၁၃)နှစ်အရွယ်မိန်းကလေး တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွား


၈လပိုင်း ၂၂ရက်နေ့က သတင်း

ဟင်္သာတဘူတာမှာ အသက်(၁၃)နှစ်အရွယ်မိန်းကလေး တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွား
----------------------------------------------------
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ ရထားဘူတာရုံ မှာ အသက် (၁၃)နှစ်အရွယ် မိန်းကလေး တစ်ဦးကို အဓမ္မ သားမယားပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇော်မင်းဦး(ခ)ဇော်မင်းနိုင်က သေဆုံး သူအား အခင်းဖြစ်ညက သားမယားတစ်ကြိမ်ပြုကျင့်ပြီး သေဆုံးသူကအော်ဟစ်ရုံးကန် သဖြင့် သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါသည်။

ဖြစ်စဉ်မှာ ၂၂.၈.၂၀၁၆ ရက်နေ့ ၀၈၁၅ အချိန် ဟင်္သာတ မီးရထားရဲစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်တာသည် ဟင်္သာတဘူတာ အမှတ်(၂)စင်္ကြံတွင် တွဲဆိုင်းထိုးထား သော အမှတ်(၁၈၂)အစုံ အမြန်ရထား ရိုးရိုးတန်းတွဲ အိမ်သာအတွင်း လူသေအလောင်းတစ်လောင်း တွေ့ ရှိကြောင်း သိရှိရသည်။

သတင်းအရသက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မသန်းသန်းစိုး (၁၃)နှစ်၊ နိဗ္ဗာန်ကျေးရွာ အုပ်စု၊ ဟင်္သာတမြို့ နေသူမှာ ခန္ဓာကိုယ်ပေါ်၌ ပြင်ပ ဒဏ်ရာမတွေ့ရှိဘဲသေဆုံး နေကြောင်း တွေ့ရှိသဖြင့် ဓမ္မာတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စီစစ်ပေး ပါရန် ဟင်္သာတ ရထားရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၆)ဖြင့် ရေးဖွင့်ခဲ့ပါသည်။

သေဆုံးသူ မသန်းသန်းစိုး အား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ လည်ပင်းရိုးကျိုး၍ သေဆုံးကြောင်း သိရှိရသဖြင့် တစ်စုံတစ်ယောက်မှ ၄င်းအား လည်ပင်းရိုး ကျိုး၍ သေဆုံးအောင်ပြုလုပ်သဖြင့် ဟင်္သာတ ရထားရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ စခန်းမှူး ရဲအုပ်မောင်မောင်တာ နှင့် ဟင်္သာတမြို့မရဲစခန်မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် နေမျိုးလင်း နှင့်အဖွဲ့သည် ၂၁.၈.၂၀၁၆ ရက်နေ့တွင် ရထားဘူတာရုံ အတွင်း ညအိပ် တည်းခိုနေထိုင်သူ များ၏ စာရင်းအား လိုက်လံကောက်ယူခဲ့ပါသည်။

၎င်းတို့အနက်ဇော်မင်းဦး(ခ)အောင်မင်းနိုင်မှာ မိသားစု နှင့် အတူ ညအိပ်ရန်အတွက် ဟင်္သာတဘူတာတွင် ဧည့်စာရင်း တိုင်ခဲ့သော်လည်း မိသားစုနှင့်အတူ အိမ်စက်ခြင်း မရှိဘဲ မနက်မိုးလင်းမှ မိသားစုထံ ပြန်လာ လေ့ရှိကြောင်း ဇနီးဖြစ်သူ မနှင်းနှင်းအေးက ပြောပြ သိရပါသည်။

ရဲအုပ် နေမျိုးလင်းနှင့်အဖွဲ့သည် ဇော်မင်းဦး(ခ) အောင်မင်းနိုင် အား မသင်္ကာ၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၂.၈.၂၀၁၆ ရက်နေ့ ဖမ်းဆီးရမိခဲ့ ပါသည်။

ဇော်မင်းဦး၏ခန္ဓာကိုယ်အား စစ်ဆေးရာ ၀ဲဘက်ရင်အုံ နှင့် ၀ဲဘက် ပုခုံးတို့တွင် လက်သဲဖြင့် ကုတ်ခြစ်ထား သော ဒဏ်ရာများနှင့် ဒူးခေါင်းနှစ်ဘက်တွင် ပွန်းပဲ ဒဏ်ရာ များ တွေ့ရှိသဖြင့် တရားခံအား ချုပ်ရီမာန်ယူ၍ အသေးစိတ် စစ်ဆေးခဲ့ပါသည်။

ဇော်မင်းဦး(ခ)ဇော်မင်းနိုင်က သေဆုံး သူအား အခင်းဖြစ် ညက သားမယား တစ်ကြိမ်ပြုကျင့်ပြီး သေဆုံးသူက အော်ဟစ်ရုန်းကန်သဖြင့် သတ်ဖြတ်ခဲ့ ကြောင်း ၀န်ခံ ထွက်ဆိုခဲ့ပါသည်။

ဇော်မင်းဦး(ခ) အောင်မင်းနိုင်အား ဥပဒေနှင့်အညီ တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။


Than Phay Lay

No comments:

Post a Comment