Monday, September 12, 2016
လပွတ္တာမှ အုပ်ချုပ်ရေး အာဏာပိုင်များကို အရေးယူပေးရန် တကိုယ်တော်ဆန္ဒဖော်ထုတ်
ဆလိုင်းသန့်စင်| September 12, 2016 |
ပုသိမ်မြို့
ပုသိမ်မြို့တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်နေစဉ်။ (ဓာတ်ပုံ-ဆလိုင်းသန့်စင်/ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော်ခြင်း မရှိသည့် လပွတ္တာ ခရိုင် နှင့် လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာများအား အရေးယူပေးရန်အတွက် ပုသိမ်မြို့အခြေစိုက် လူ့အခွင့် အရေး တက်ကြွ လှုပ်ရှားသူများကွန်ရက်(HRAN) ခေါင်းဆောင် ဦးထွန်းထွန်းဦးက ယနေ့ ပုသိမ်မြို့တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်ကြောင်း သိရှိရသည်။
မူလလယ်သမားနှင့် လက်ငုတ်လယ်သမားတို့အကြား လယ်ယာမြေအငြင်းပွားမှုများဖြစ်ပွားနေသည့် လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသတွင် မည်သူမျှ ထွန်ယက် စိုက်ပျိုးခြင်းမပြုရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူ ဆောင် ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့်ဇွန်လအတွင်းက တားမြစ်အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အမိန့်ကို လပွတ္တာရှိ အောက်ခြေအဆင့် ဌာနဆိုင်ရာများက လိုက်နာအကောင်အထည်ဖော်ခြင်း မရှိခဲ့သည့်အတွက် စက်တင်ဘာလ ၃ ရက်နေ့တွင် နှစ်ဖက်လယ်သမားများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ ခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမား ပဋိပက္ခ အတွက် အဓိကတာဝန်ရှိသူ လပွတ္တာဌာနဆိုင်ရာများကို အရေးယူပေးရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
“လက်ရှိမှာ အမှုနဲ့ မသက်ဆိုင်တဲ့ မူလလယ်သမား ဦးဝင်းမြင့်၊ ဦးမောင်ကြိုင်၊ ဦးမျက်လုံးကြီး၊ ဦးမှတ်ကြီးတို့ကို ရဲက ဖမ်းထားတယ်။ ပြီးတော့ လပွတ္တာဆေးရုံမှာ ပြင်းထန်ဒစ်ရာနဲ့ ဆေးကုနေရတဲ့ ဦးထွန်းရီကို အတင်းစစ်ဆေး မေးမြန်း တာတွေ လုပ်နေတဲ့အတွက် လူ့အခွင့်အရေးဆုံးရှုံးမှုဖြစ်နေတာတွေကို ဧရာဝတီတိုင်း အစိုးရရော၊ ပြည်ထောင်စု အစိုးရ ပါ သိရှိအောင် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု သူက ပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့က လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု ရွှေကျွန်းသာဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ကြောင့် မူလလယ်သမားဘက်မှ လူ ၈ ဦးနှင့် လက်ငုတ်လယ်သမားဘက်မှ လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား ကြောင်း သိရှိရသည်။
Irrawaddy
လပွတ္တာမှ အုပ်ချုပ်ရေး အာဏာပိုင်များကို အရေးယူပေးရန် တကိုယ်တော်ဆန္ဒဖော်ထုတ်
Reviewed by timeayeyar
on
9:53 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment