Latest News

Wednesday, August 10, 2016

ဟင်္သာတရေကာတာ ဖျက်ဆီးရန် ကြိုးစားသူများရှိ


ဟင်္သာတရေကာတာ အရှေ့ဖက်ကမ်းတာကို လူတစ်စုက ဖျက်ဆီးရန်ကြိုးစားခဲ့ရာ  ကင်းလှည့်သူများနှင့်
ပက်ပင်းတိုးခဲ့သောကြောင့် ထွက်ပြေးသွားခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာနမှ သတင်းရရှိသည်။

ဧရာဝတီမြစ်ရေတက်နေ၍  ကြံ့ခိုင်မှု စောင့်ကြည့်နေရသော ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ပိုင်
ရေကာတာမိုင်တိုင်၄၂/၇ နေရာကို လူအချို့က ဖျက်ဆီးရန်ကြိုးစားမှု သြဂုတ်လ ၉ရက် နံနက် ၁နာရီဝန်းကျင်ခန့်က ဖြစ်ပွားခြင်းဖြစ်ကြောင်း ရေကာတာကြံ့ခိုင်မှု စစ်ဆေးနေသော ဆည်မြောင်းဦးစီးဌာန အရာရှိအချို့ကပြောသည်။

ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများက ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့အား
အကြောင်းကြားကာ လုံခြုံရေးစောင့်ကြပ်ထားကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ကမ်းဘေး ရေကာတာအပြင်ဖက် ကျေးရွာများသည် ရေကြီးနစ်မြုပ်နေချိန်ကြာမြင့်နေ၍
ရေဘေးကြောင့် နေအိမ်စွန့်ခွာနေရသူအချို့က ရေအမြန်ကျစေရန် ရေကာတာအချို့ကို ချိုးဖောက်ရန် ကြိုးစားမှုပြုလုပ်ခဲ့သည့် အစဉ်အလာ ရှိခဲ့ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနမှ သတင်းရရှိသည်။


(အခင်းဖြစ်ရာ ရေကာတာကို စစ်ဆေးနေသော ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများ)
ဓာတ်ပုံ - ဆည်မြောင်းဦးစီးဌာန

7Day

No comments:

Post a Comment