Latest News

Monday, August 1, 2016

တိုင်းဧရာက ၀န်ထမ်းအရေးယူမှုများ


မျိုးမင်းပိုင်
ဧရာဝတီတိုင်းဒေသကြီးအတွင်းတာဝန်ထမ်းဆောင်နေတဲ့  ၀န်ထမ်းတစ်ချို့ ကို တိုင်းဒေသကြီးအစိုးရ
အဖွဲ့ က ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူမှုတွေ စတင်လုပ်ဆောင်လာပါတယ်။

ပထမဆုံးအရေးယူမှုတစ်ခုအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား တားမြစ်သည့် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးအောင်သူရဖြိုးကို ၃နှစ်အတွင်း ရာထူးတိုးရပ်ဆိုင်းပြီး နယ်ရွှေ့ပြောင်းရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ က ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ၀န်ထမ်းစည်းကမ်းလိုက်နာမှုမရှိပဲ  ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းတဲ့ အထိ အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနက ကအရေးယူလိုက်ပါတယ်။

ပုသိမ်မြို့၊ အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်းရှိ ပုသိမ်ထောင်အနီးတွင် သုံးထပ်အမြင့်ရှိ အဆောက်အဦး ဆောက်လုပ်ရာတွင် အမြင့်ပေ ၂၈ ပေသာ ဆောက်လုပ်ရန် ခွင့်ပြုထားသော်လည်း ကျော်လွန် ဆောက်လုပ်ခြင်းကြောင့် ဦးစိုးနိုင်ဝင်းကိုအရေးယူရခြင်းဖြစ်တယ်လို့  အစိုးရအဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။

“အစိုးရ တားမြစ်နေတာကိုသိလျက် ဆက်ဆောက်တယ်၊ စစ်ဆေးတဲ့အခါ တာဝန် အရှိဆုံးလူက စည်ပင်ကော်မတီဝင်လည်း ဖြစ်နေတယ် အစိုးရက နှစ်ကြိမ်တိုင်တိုင် တားနေတဲ့ကြားက ဆက်ဆောက်တဲ့ ကန်ထရိုက်က တာဝန်အရှိဆုံးပဲ တားမြစ်တဲ့ကြားက ဆက်ဆောက်လို့ အရေးယူရတာပါလို့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်လို့ စည်ပင်သာယာရေး ကော်မတီ၏ စည်းကြပ်မှုအားနည်းခြင်းကြောင့် ဟု ဆိုကာ စည်ပင်ဌာနမှတိုင်းဒေသကြီးညွန်ကြားရေးမှူးအပါဝင် ဌာနဆိုင်ရာဝန်ထမ်း ငါးဦးကိုအစိုးရအဖွဲ့ က ထုချေလွှာ တောင်းခံထားကြောင်းလည်း သိရပါတယ်။

ဒါဟာ အစိုးရသစ်ရဲ့ ရက်ပါင်းတစ်ရာကျော် သက်တမ်းအတွင်း အရေးယူမှုတွေ စတင် လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်.။
"ဝန်ထမ်းတွေအနေနဲ့ အစိုးရဖော်ဆောင်မယ့် မူဝါဒတွေ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်၊ အစိုးရ မူဝါဒတွေကို အခက်အခဲဖြစ်အောင်လုပ်တာမျိုး မဖြစ်ဖို့ အရေးကြီးတယ် ၊ ဝန်ထမ်းတွေ ဥပဒေကို လိုက်နာဆောင်ရွက်ပါ၊ နောက်တစ်ခုက ၀န်ထမ်းတွေ ဥပဒေ ရဲပုံစံတွေ ပြည့်ပြည့်စုံစုံဖြစ်အောင်ဖြည့်တင်းပေးဖို့ တာဝန်ရှိပါတယ် အဲ့ ပေါ်မူတည်ပြီးဒီနောက်စည်းကမ်းဖောက်ဖျက်တာတွေကိုလုပ်ရမှာပေါ့ သူတို့  စားဝတ်နေရေးလည်း ကြည်ရမှပေါ့ သို့ သော်ဥပဒေကို ကျော်လွန်လုပ်ဆောင်ရင် တော့ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပေါ့” လို့  အစိုးရအဖွဲ့  လျပ်စစ် လမ်းပန်းစက်မှုလက်မှုနှင့်စွမ်းအင်ဝန်ကြီးဦးဝင်းဌေးကဆိုပါတယ်။
ပြည်ထဲရေး ဌာနအောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီး ၊ရဲတပ်ဖွဲ့ ဝင်များ ။အထူးစုံစမ်းစစ်ဆေးရေးဌာန ၀န်ထမ်းများ နှုင့် လူဝင်မှုကြီးကြပ်ရေးဌာနလက်အောက်ရှိ ၀န်ထမ်းများ ကိုလည်း စည်ကမ်းဖောက်ဖျက်မှုများ ဥပဒေကျော်လွန်လုပ်ဆောင်မှုများရှိလာပါကလည်း သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှုင်းအရေးယူ ဆောင်ရွက်သွားဖို့ ရှိကြောင်း အစိုးရအဖွဲ့ ဝင်တစ်ဦးကဆိုပါတယ်။

ဒါ့အပြင် ပညာရေးဌာနမှ ၀န်ထမ်းများ အဂတိလိုက်စားမှုများကိုလည်း စံပြအနေနဲ့ ထိရောက်တဲ့ အရေးယူမှုများပြုလုပ်မယ်လို့   အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကပြောပါတယ်။

ဝန်ထမ်းစည်းမျဉ်းများမလိုက်နားသည့် ၀န်ထမ်းများကို ၊နှစ်တိုးလစာရပ်ဆိုင်းခြင်း ၊ရာထူးတိုးရပ်စိုင်းခြင်း ၊ ၀န်ထမ်း လစာနှုန်းထား လျော့ခြင်း ၊ ရာထူးတစ်ဆင့်လျော့ ခြင်း ၊ လျော်ကြေးသတ်မှတ်ခြင်း ၊ရာထူးမှထုတ်ပယ်ခြင်း ၊ ၀န်ထမ်းအဖြစ်မှရာသက်ပန် ထုတ်ပယ်ခြင်းများအထိ အဆင့်ဆင့်အရေးယူဆောင်ရွက်သွားမယ်
လို့  တိုင်းဒေသကြီး ဥပဒေချုပ် ဦးသိန်းရွေကဆိုပါတယ်။

ကောင်းအောင်ပြောင်းလဲနေတဲ့ အခါ ၀န်ထမ်းတွေကလည်း အားလုံးစုပေါင်းပြီးပါဝင်လာအောင် တတက်တအားပါဝင်သင့်တယ် နိုင်ငံရဲ့ မူဝါဒစည်းကမ်းကိုလိုက်နာပြီး မိမိလုပ်ငန်းကိုတာဝန်ကျေအောင် ဆောင်ရွက်ရမယ် ကိုယ်နဲ့ ဆိုင်တဲ့ ဥပဒေ တရားဥပဒေကိုလေးစားလိုက်နာ ရမယ် ဒီလိုဆောင်ရွက်တဲ့ နေရာမှာအရေးကြီးဆုံးက လာဘ်ပေးလာဘ်ယူမှုကင်းစင်အောင်လုပ်ဖို့ အရေးကြီးတယ်လို့  ဦးသိန်းရွှေကဆိုပါတယ်။

ဝန်ထမ်းဆိုတာက  အလွယ်ပြောရင် ခိုင်းတာလုပ်ရတာ စာစကားနဲ့ ပြောရင် မူဝါဒကို အကောင်ထည်ဖော်ရတာပေါ့  အဲ့ တော့ မူဝါဒက အစိုးရကချမှတ်တယ်  ဒါကိုအကောင်ထည်ဖော်တဲ့ နေရာမှာ ၀န်ထမ်းရဲ့  ပညာ (ကျွမ်းကျင်မှု ) စည်းကမ်း နဲ့  ကိုယ်ကျင့်တရား လိုအပ်တယ် ဒီသုံးခုပြည့်စုံရင် အလုပ်ပြီးမြောက်တယ် အဲ့ တော့ စည်းကမ်းကိုလိုက်နာဖို့ က ၀န်ထမ်းဥပဒေနဲ့ ပီးတယ် အဲ့ တော့ စည်းကမ်းဖောက်ရင်  ပြစ်ဒဏ် ဆိုပီးလိုက်နာရင် ဆုဆိုတာ မရှိဘူး ၀န်ထမ်းကိုယ်ကျင့်တရားကို စည်းကမ်းကထိမ်းတယ် သို့ သော် ကိုယ်ကျင့်တရားကိုလွမ်းမိုးနေတဲ့ အချက်တွေရှိနေတယ်ဘာတွေလည်းဆိုလစာ မလုံလောက်မှု ၀န်ထမ်းအိမ်ယာတွေမရှိတာတွေနောက်တစ်ခုက ကျွမ်းကျင်မှုအတွက်ရော ဘယ်သူက ဖြည့်ဆည်းပေးမှာလည်း  ဆိုတာကိုလည်း အစိုးရက စဉ်းစားပေးပါ ဟု ဧရာဝတီတိုင်းဒေသကြီမှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောပါတယ်
ဧရာဝတီတိုင်းဒေသကြီး အတွင်း က အစိုးရဌာနဆိုင်ရာအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့  ၀န်ထမ်း စုစုပေါင်း(၁၀၂၆၅၁)ဦးရှိပါတယ်။

No comments:

Post a Comment